YaThaWinTha

BA(Philosophy), MA(Linguistics)

ဆရာတော်ဦးဥတ္တမနေ့ရခိုင်တွေဂုဏ်ပြုသင့်လား

🕒 2026-10-14 15:52 👁️ 2 ကြည့် 📖 20 မိနစ်
"ဦးဥတ္တမက ရခိုင်ပြည်လွတ်မြောက်ရေး လုပ်ခဲ့တာမဟုတ်ပဲ ရခိုင်တွေက ဂုဏ်ပြုနေကြတာကို မြင်ရတော့ ကမ္ဘာမှာ အတုံး အ,အဆုံးတွေဟာ ရခိုင် လို့သိလိုက်ရတယ်" facebook user တစ်ဦး
---------
၁၈၂၅ အဂ်လိပ်တွေ ရခိုင်ဝင်ရောက်လာပါတယ်။
တမြို့ပြီးတမြို့ဆက်တိုက်သိမ်းပြီး ၁၈၆၂မှာအပြတ်သိမ်းလိုက်ပါတယ်။
မျိုးချစ်စိတ်ပြင်းထမ်သူများက ၁၈၂၅ကနေ အဂ်လိပ်တွေကိုဆက်တိုက်တော်လှန်ကြပါတယ်။ ၁၈၉၇ မှာရခိုင်နိုင်ငံရေး အမြစ်ဖြတ်ခံလိုက်ရပါတယ်။ အဂ်လိပ်အုပ်ချုပ်စဥ် ဆရာတော်မွေးဖွားရာ စစ်တွေဟာ ရခိုင် ဓနရှင်တွေ၊ မြေရှင်တွေ၊ လက်ပါးစေ ပညာတတ်ရခိုင်တွေ ကြီးစိုးရာ နေရာဒေသဖြစ်နေခဲ့ပါတယ်။ ၁၈၆၂မှာ ရခိုင်နှင့် တနသ်ာရီ ကို အဂ်လိပ်တွေ သိမ်းပိုက်လိုက်ချိန်ကစလို့ ရခိုင်တွေဟာ အစောဆုံးအနောက်တိုင်းပညာတွေကို သင်ခွင့်ရတဲ့တိုင်းရင်းသားတွေ ဖြစ်လာပြီး အကြီးဆုံး ရာထူးဌာနတွေပိုင်ထားသူတွေဟာလည်း ရခိုင်တွေဖြစ်လာပါတယ်။  ဒုတိယ-ရခိုင်ရွှေခေတ်လို့တောင်ပြောနိုင်ပါတယ်။ ဒါကြောင့် မြန်မာ ခေတ် ပညာတတ်ရခိုင်တွေကိုရှာလိုက်ရင် အဂ်လိပ်ခေတ်မှာသာ မှိူလိုပေါက်နေတာတွေ့ရပါလိမ့်မယ်။ ဆရာတော်ဒါတွေသိနေခဲ့ပါတယ်။
=================

ရခိုင်နိုင်ငံရေးအတွက် ဆရာတော်ဘာလုပ်ခဲ့လဲ သိနိုင်ဖို့အတွက် ဆရာတော် နိုင်ငံရေးပရိယာယ်ကို အရင်သိဖို့လိုပါလိမ့်မယ်။

နိုင်ငံ​ရေး ပရိယာယ်(၁)

၁၈၆၂ကနေ သီပေါမင်းပါနေ့ ၁၉၂၀ ထိဆိုရင် ရခိုင် ကို အဂ်လိပ်​တွေအုပ်ချုပ်လာတာနှစ်ပေါင်း ၅၀ ကျော်လာပါပီ၊ ရာထူး၊နေရာကိုယ်စီနဲ့ ရခိုင်တွေ အမြှစ်ခိုင်နေကြပီ၊ ဗမာပြည်သည် ခုမှ အဂ်လိပ်သိမ်းခါစရှိသေးကာလဖြစ်ပါတယ်။
မြန်မာတပြည်လုံးကို အဂ်လိပ်တွေသိမ်းထားပါပြီ။ ရခိုင်သက်သက်ဝံသာနုနိုးကြားလာရုံနဲ့ အဂ်လိပ်မောင်းထုတ်ကဘယ်လိုမှမဖြစ်နိုင်ပါဘူး။ တနိုင်ငံလုံးနိုးကြားဖို့ လိုပါတယ်။ ဒါကြောင့်
 ပထမကိုင်တာ မီဒီယာဖြစ်ပါတယ်။ သူ့ကိုလူတွေသိဖို့အတွက် သူရိယသတင်းစာတိုက်က ဆရာတော်ကိုအခိုင်မာဆုံးမီဒီယာဖြစ်ခဲ့ပါတယ်။ ပြီးရင် ကောလိပ်ကျောင်းသားတွေပါ၊ ပထမကျောင်းသားသပိတ်ဖြစ်ပေါ်လာရေး စည်းရုံးတဲ့အခါ ကျောင်းသားထဲမှာတောင် ခပ်စွာစွာကျောင်းတက်နိုင်တဲ့ ရခိုင်နဲ့ထားဝယ်ကျောင်းသားတွေကို လှန်းကိုင်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ပထမကျောင်းသားသပိတ် (ယနေ့ခေတ်အမျိုးသားနေ့) မှာ ဦးဆောင်ခဲ့တဲ့ ဆရာတော်တပည့်တွေဖြစ်ကြတဲ့ ဦးဆောင်ကျောင်းသား ကိုဘဦး(သံတွဲ)၊ကိုဘရှင်(သံတွဲ)၊ ကိုဘရှင်(ထားဝယ်) စတဲ့ ၁၁ ယောက်ပေါ်ထွက်လာတာဖြစ်ပါတယ်။ 
လှုပ်ရှားမူမှာပါဝင်ခဲ့တဲ့ GCBA ဥက္ကဌ ဦးမဲအောင်ဟာလည်း ရခိုင်ဖြစ်နေပါတယ်။
ယူနီဗာစတီ ဥပဒေကို ရေးဆွဲဖို့ဦးဆောင်တဲ့သူက ဝတ်လုံတော်ရ ဦးမေအောင်ဟာလည်း ရခိုင်ဖြစ်နေပါတယ်။ 
ယူနီဗာစတီ ဥပဒေ ဘာတွေပါလဲဆိုတော့
၁။ ယူနီဗာစတီဟူ၍မြန်မာနိုင်ငံတွင်တစ်ခုသာရှိရမည်
၂။ ယင်းယူနီဗာစနီအောက်တွင် ကောလိပ်တစ်ကျောင်းသာရှိရမည်
၃။ ယင်းယူနီဗာစတီ၊ကောလိပ်သည် ရန်ကုန်တွင်သာဖြစ်ရမည်။
၄။ ကျောင်းအိပ်၊ကျောင်းစားသာဖြစ်ရမည်ဟူ၍ ဖြစ်ပါတယ်။ ယင်းပညာရေးစနစ်ကို ဖြိုချဖို့ ကြိုးစားလိုက်ခြင်းဟာ ကျောင်းသားထုကို ပါလာပြီးသားဖြစ်စေပါတယ်။
(အမျိုးသားနေ့သတ်မှတ်ကြရာတွင် သီပေါပါတော်မူနေ့၊ဦးဥတ္တမ စတင်အဖမ်းခံရနေ့၊ ပထမကျောင်းသားသပိတ်နေ့
ထိုသုံးနေ့တွင် ကျောင်းသားသပိတ်နေ့သာရွေးခဲ့ကြသည်)။ 
ပထမကျောင်းသားသပိတ်တွင်ပါဝင်ခဲ့သော ရခိုင်ကျောင်းသားများသည် ဆရာတော်ချပေးခဲ့သော ရခိုင်နိုင်ငံရေးမျိုးစေ့ ဖြစ်ပါတယ်။
===============

နိုင်ငံရေးပရိယာယ်(၂)

အမြစ်ကိုလှန်ဖို့ အကိုင်းတွေကို စပြီးချိုးရပါတယ်။ ရန်ကုန်အနီးတဝိုက်က ရခိုင်ရှေ့နေများ၊ဝတ်လုံတော်ရများ၊ ကျောင်းဆရာများ၊ လူကုံထံတွေကို ချဥ်းကပ်နားချရပါတယ်၊ ဥပမာ
ဦးထွန်းအောင်(ရန်ကုန်ဆေးရုံအုပ်)ရခိုင်
ဆရာကြီးဦးစံရွှေ(အစိုးရဟိုက်စကူး)ရခိုင်
ထွန်းအောင်ကျော်(ဘာမားနေရှင်နယ်ဘဏ်)ရခိုင်
ဓညဝတီစိန်လှအောင်(ရှေ့နေ)ရခိုင်
ကာလကတ္တားပွဲစားကြီး(ရခိုင်)
စသည်အားဖြင့် ရခိုင်လူကုံထံများကိုချဥ်းကပ်ပြီး ဝံသာနုရက္ခိတကို စတင်ပါတယ်။ စစ်တွေမြို့က သူဦးရီးတော်တွေဖြစ်တဲ့ ဦးချင့်ခိုင်၊ ဒေါ်စံလှဖြူ စတဲ့သူတွေကိုလဲ အိန္ဒိယထိခေါ်ယူပြီး အမာခံပရိတ်သတ် ဖြစ်စေခဲ့ပါတယ်၊ ဒုတိယအကြိမ် ဂျပန်ပြည်သွားတဲ့အချိန်ကစပြီး ဆရာတော်ညီမ မအိမ်စိုး အပါဝင် ဦးဘစော၊ဒေါ်စိန်ရင်၊ ဦးလှမောင်၊
ဦးချန်ထွန်း စတဲ့လူငယ်တွေကို ဂျပန်ပြည်ခေါ်ဆောင်ပြီး နိုင်ငံရေးအသိနှင့်အမျိုးသားအသိမျှဝေခဲ့ပါတယ်၊နောက်တချိန်မှာ သူတို့ဟာ ရခိုင်ငံရေးအရေးပါလာသူတွေဖြစ်ပါတယ်။ ဒါဟာရည်ရှည်နိုင်ငံရေးအမျော်အမြင်နဲ့ ဆရာတော်ချပေးခဲ့တဲ့ ရခိုင်မျိုးစေ့ဖြစ်ပါတယ်။
=========

နိုင်ငံရေးပရိယာယ်(၃)

ဆရာတော်ဟာ အိန္ဒိယနိုင်ငံရေးမှာ အများကြီးကျန်လည်ခဲ့ပါတယ်။ သူကျန်လည်ခဲ့စဥ် ခေတ်ပြိုင် မဟတ္တမဂန္ဒီရဲ့ နည်းစနစ်ကို သဘောကျခဲ့ပုံရပါတယ်။
ဂန္ဒိဟာ ဟိန္ဒူဘာသာရေးဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်၊ ဘာသာရေးနောက်မှာဘာသာဝင်တွေဝန်းရံတာကို အိန္ဒိယမှာ အဲအတွေ့အကြုံဆရာတော်ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဆရာတော်တရားဟောချိန်လည်း ဗုဒ္ဓဘာသာကဝိုင်းရံတာကို သိလာတယ်။ ဒါကြောင့် YMBAလိုဘာသာရေးအသင်းတွေကိုနိုင်ငံရေးအသင်းအသွင်ပြောင်းလိုက်တယ်။ YMBA ကိုတည်ထောင်သူ ဦးစိန်လှအောင် လည်း ရခိုင်​ဖြစ်ပါတယ်။  ရဟန်းပျိုတွေ ကျောင်းထဲမှာ သက်န်းခေါင်းမြီးခြုံအိပ်မနေကြနဲ့ ဆော်သြသံနဲ့ သံဃာထုကို လူပ်နိုးလိုက်ပါတယ်၊သံဃာတစ်ပါးနောက်မှာ လူတရာပါတာကို ဆရာတော်ကောင်းကောင်းနားလည်ထားလို့ဖြစ်ပါတယ်။ ထို့ကြောင့် ရဟန်းတော်များသမဂ္ဂ( 27)ခုထိ ဖွဲ့နိုင်လာတယ်။
အဲဒီထဲ ရခိုင်ရဟန်းတော်များသမဂ္ဂ(၁၀)ကျော်ပါဝင်လာပါတယ်။ အဲဒီ ရဟန်းသမဂ္ဂ( 27) ခုမျိုးဆက်ဟာ 1988/2007 အရေးအခင်းများ ထိ ရှိနေသေးတာသက်သေပြခဲ့ပါတယ်။ 
ဆရာတော်ကိုယ်တိုင်လည်း ပရိသတ်ရှေ့ သက်န်းချွတ်ပြီး ထောင်ဝတ်စုံနဲ့ပရိသတ်ပြခဲ့တာဟာ ကိုယ့်ဘာသာထိရင် ခေါင်းငုံနေကြမလားဆိုတဲ့ အနာပေါ်ဆားလူးပြတဲ့ နိုင်ငံရေးပရိယာယ်နည်းဖြစ်ပါတယ်။
အဲဒီချိန် ရခိုင်ပြည်မှာ ပညာမာန်၊ ဥစ္စာမာန်ယစ်ပြီး မြောက်ဦးဘုရားတွေဟာ ခြုံထဲကမထွက်ရသေးပါဘူး။ ဒီနည်းဟာရခိုင်သံဃာတွေ တွက်လည်းထိရောက်ခဲ့ပါတယ်။ ဒါဟာဆရာတော်ဦးဥတ္တမပေးခဲ့တဲ့ ရခိုင်နိုင်ငံရေးမျိုးစေ့ပါပဲ
=========

 နိုင်ငံရေး ပရိယာယ်(၄)

ဆရာတော်ဟာ ပထမဆုံး အိန္ဒိယကပြန်လာကတည်းက ဇာတိဖြစ်တဲ့ စစ်တွေကို ပြန်တယ်၊ စစ်တွေဝဂ်ဘာ ကွင်းမှာ ဝံသာနုရက္ခတ ဟောဖို့ကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ သို့သော် အထက်ကပြောခဲ့သည့်အတိုင်း လက်ပါးစေပညာတတ်၊မြေရှင်၊ယာရှင်၊ဓနရှင်ရခိုင်များ အုပ်စိုးနေကာလမှာ ဝံသာနုရက္ခိတတရားက ဆေးမဝင်ခဲ့ပါဘူး။ 
အဲကောင်က ငါတို့ရပ်ကွက်က ပေါ်ထွန်းအောင်မလား ဆိုတဲ့ အချင်းချင်းအထင်မကြီးမူတွေက လည်း ဝံသာနုရက္ခိတတရားမစူးခဲ့ပါဘူး။
 နောက်ပိုင်းတွင် အိန္ဒိယနေရူး၏သားသမီးများကိုသာစေလွတ်ဟောစေခဲ့ပါတယ်။
 ဒါကြောင့် ယင်းရခိုင်အသိုင်းအဝိုင်းမကြီးထွားသေးသော၊ ရခိုင်အများအပြားအခြေချနေသော ရန်ကုန်၊ မန္တလေး၊ ဧရာဝတီကိုသာရွေးခဲ့ခြင်းဖြစ်ကောင်းပါတယ်။ ယင်းကာလမန္တလေးတွင် ၁၇၈၅က ပြောင်းရွေ့ခံလိုက်ရသောရခိုင်များ၊ ရန်ကုန်တွင် ​ဘိလပ်သွားရန်တာစူနေသောရခိုင်များ၊ 
အဂ်လပ်ပုန်ကန်ရင်းနယ်ရှောင်လာသောရခိုင်များ၊
ဧရာဝတီတလျောက်တွင် ၁၇၈၅ကတည်းက အခြေချလာသောရခိုင်များ များစွာရှိနေပါတယ်။ ရခိုင်နေထိုင်မူအများဆုံးက ဧရာဝတီဖြစ်နေပါတယ်။ ဆရာတော်စည်းရုံးရေး ဝံသာနုရက္ခိတအများဆုံးဟောခဲ့သည်မှာလည်း ရခိုင်အများဆုံးနဲ့ရခိုင်ပြည်နဲ့အနီးဆုံး ဧရာဝတီဖြစ်နေပါတယ်။ ဒါဟာတိုက်ဆိုင်မူမဟုတ်ပါဘူး။ ဆရာတော်ရခိုင်နိုင်ငံရေးမျိုးစေ့က ရည်ရွယ်တွက်ပါဝင်နေတာ တွေ့ရပါတယ်။
============

နိုင်ငံရေး ပရိယာယ်(၅)

ဆရာတော်နိုင်ငံရေးတရားဟောတိုင်း အနားမှာအမြဲတမ်းပါတဲ့ လက်ဆွဲတော် ရဟန်းတပါးရှိပါတယ်။ ဘွဲ့တော်နန္ဒမာလာ ဖြစ်ပါတယ်၊ ရခိုင်ရဟန်းတော်ပါ။ ရက္ခမဏ္ဍလ သာသနာ့ဓရအဖွဲ့အတွင်းရေးမူး ပါ။ဆရာတော်ထောင်ကျနေချိန် နဲ့နာမကျမ်းဖြစ်ချိန်ကစပြီး ဆရာတော်ကိုယ်စား ဧရာဝတီကျော်ကာ တောင်ကုတ်၊အမ်းစတဲ့ရခိုင်တောင်ပိုင်းတလျောက်တာဝန်ပေးလှည့်လည်ကာ ဝံသာနုရက္ခိတကို လူထွက်ပြီး တရားဟောစေခဲ့ပါတယ်။ လူနာမည်က ဦးထွန်းစိန်ဖြစ်ပါတယ်။ ပြီးမှ စစ်တွေနားကျေးရွာများ၊ရသေ့တောင်၊ဘူးသီးတောင်ထိတာဝန်ယူလှည်လည်​ဟောခဲ့ပါတယ်။ ဆရာတော်ညွန်ကြားချက်နဲ့ဦးထွန်းစိန်(နန္ဒမာလာ)ဟာ မင်းပြာတလျောက်လုံးကိုလည်းအမျိုးသားစိတ်ထည့်ပေးခဲ့ပါတယ်။ ၁၉၃၀ နိုဗင်ဘာလ ရောက်မှ စစ်တွေဇာတိ ရှေ့နေ ဦးမြထွန်းနဲ့တိုင်ပင်ပြီး ရခိုင်တိုင်းလုံးဆိုင်ရာကြီးပွားရေး အဖွဲ့ချုပ်ကို ဖွဲ့နိုင်ခဲ့ကြပါတယ်။ 
၁၉၃၇မှာ ရခိုင်တိုင်းရင်းသားအစည်းအရုံးနှင့်ပေါင်းပြီး "ရခိုင်တိုင်းရင်းသားလုံးဆိုင်ရာ အစည်းအရုံးကိုဖွဲ့စည်း" နိုင်ခဲ့ပါတယ်။ မျိုးဆက်အနေနှင့်ဆရာတော်ဦးစိန္တာ၊ဆရာတော်ပညာသီဟတို့ပါဝင်လာပါတယ်။ စိတ်မကောင်းစရာက ၁၉၃၉ မှာ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူခဲ့ပါတယ်။ သူချပေးခဲ့တဲ့မျိုးစေ့က ရခိုင်တပြည်လုံး ဆရာတော်ပျံလွန်ပြီးတနှစ်မှာ နိုးထလာခဲ့ကြပါတယ်။ မျိုးဆက်ဖြစ်တဲ့ ဦးထွန်းစိန်(နန္ဒမာလာ) ဦးစိန္တာ၊ဦးပညာသီဟ ဦးဆောင်ပြီး အဂ်လိပ်တွေကို ရခိုင်ထဲက မောင်းထုတ်ခဲ့ကြပါတယ်။ ဂျပန်တွေလည်းမောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာဆရာတော်ရဲ့ 
စီမံခန့်ခွဲမူ ရခိုင်နိုင်ငံရေးမျိုးစေ့ဖြစ်ပါတယ်။
===========

ဆရာတော်ပျံလွန်ခါနီး

"မီးခွက်သည် ပတ်ဝန်းကျင်ကို အလမ်းရောင်ပေးနိုင်သော်လည်း မိမိအရိပ်ကိုကား အလင်းရောင်မပေးနိုင်၊ထို့အတူ ငါလည်း ရခိုင်ပြည်ဖွား ရခိုင်သား ဖြစ်သော် ရခိုင်ပြည်ကို နိုင်ငံကို နိုင်ငံရေးအလင်းမပေးနိုင်ခဲ့"
ဆိုတဲ့စကားလုံးဟာ ကြီးမားတဲ့ ရည်မှန်းချက်အတွက် မပြီးမြောက်ခဲ့ရတဲ့နောင်တစကားသံသာ
ဖြစ်ပါတယ်။ ၁၉၃၇မှာ ဆရာတော်ကူးပေးခဲ့ အလမ်းရောင်ကြောင့် ရခိုင်တပြည်လုံးစည်းလုံးကြပြီးဆိုတာသိရင် ဆရာတော်ပြုံးပျော်နေမိမှာပါ။
=====
အဂ်လိပ်ခေတ်၊ဂျပန်ခေတ်၊လွတ််လပ်ရေးခေတ်၊ယနေ့ခေတ် အထိ ဆရာတော်မျိုးဆက်အသင်းအဖွဲ့အဆက်အသွယ်မပါသော၊ ဆရာတော်နိုင်ငံရေးခွန်အားကို မယူခဲ့ရသော ရခိုင်​နိုင်ငံရေးသမား၊ တော်လှန်ရေးသမား မရှိသေးပါဘူး။
====
------

ဆရာတော်ဦးဥတ္တမ မမွေးဖွားမှီ ရခိုင်နိုင်ငံရေးအခြေအနေ


AD – ၁၈၂၅ – ဗြိတိသျှတပ်များ ရခိုင်ပြည်သို့ဝင်၊ မြောက်ဦး (ဧပြီ-၂)၊ ရမ်းဗြဲ(ဧပြီ-၂၂)၊ မာန်အောင်(မေ-၆) တို့တွင်သိမ်းယူ။
AD – ၁၈၂၇ – မင်းသားကြီး ရွှေဗန်း အင်္ဂလိပ်တို့ကို စတင်တော်လှန်။
AD – ၁၈၂၉ – ဦးမောင်သာဦးတို့ စတင်တော်လှန်။
AD – ၁၈၃၂ – ကျိန ္တလီဘုန်းကြီး ဦးဆောင်တော်လှန်။
AD – ၁၈၃၄ – ရခိုင်အုပ်ချုပ်ရေးကို ဘင်္ဂလားနယ်မှ ခွဲထွက်၊ တိုင်းတစ်ခုအဖြစ် သတ်မှတ်။
AD – ၁၈၃၆ – ဇန်နဝါရီလတွင် လေးမြို့သူကြီး ချစ်စံဝေတို့ တော်လှန်၊ ချစ်စံေ၀ အဖမ်းခံရ။
AD – ၁၈၅၃ – တောင်ကုတ်နယ်တွင် တော်လှန်မှုစတင်။
AD – ၁၈၆၃ – တောင်ကုတ်နယ်တွင် ဗိုလ်ကျော်၀ ဦးဆောင်တော်လှန်မှု ထင်ရှားလာ။
AD – ၁၈၆၄ – သံတွဲခရိုင် တောင်ပိုင်း ဂွနယ်ကို ရခိုင်တိုင်းသို့ ပြန်သွင်း။
AD – ၁၈၆၅ – ရခိုင် မြောက်ဖျားဒေသကို စစ်တွေခရိုင်မှ ခွဲထုတ်အုပ်ချုပ်။
AD – ၁၈၆၇ – စစ်တွေနှင့် ကျောက်ဖြူတွင် ဦးမောင်ဖြူတို့ တော်လှန်။
AD – ၁၈၇၁ – ဦးမောင်ဖြူ အဖမ်းခံရ။
==ဆရာတော်မွေးဖွား(၁၈၇၉)===
AD – ၁၈၈၇ – ရခိုင်တောင်ပိုင်းတွင် ကျောက်စိမ်းဗိုလ်နှင့် ဇော်ဂျီဗိုလ်တို့ တော်လှန်။
AD – ၁၈၉၀ – သံတွဲတွင် ရဟန်းတစ်ပါး၊ ကျောက်ဖြူတွင် ဗိုလ်မောက်၊ ဂွတွင် ဗိုလ်ကြာထွန်း၊ ဦးလှရွေ၊ ဗိုလ်ကျော်ဝတို့ တော်လှန်။
AD – ၁၈၉၁ – မစဲကမ်းမှ ဦးမောင်ဖော်အောင် ဦးဆောင်သော တော်လှန်ရေးစတင်။
AD – ၁၈၉၂ – ဦးမောင်ဖော်အောင်နှင့် အတူ ဖခင်ဦးချင်းပို ဖော်ဝါရီလတွင် အဖမ်းခံရပြီး စစ်တွေထောင်တွင် အကျဉ်းချခံရ။
(ရခိုင်နိုင်ငံရေးမှေးမှိန်သွား)
==ဆရာတော်နိုင်ငံရေးလောကဝင် (1910)===
AD – ၁၉၁၈ – ရခိုင်ပြည်အသင်းကို ထူထောင်။
AD – ၁၉၂၂ – ရခိုင်သံဃာသမဂ္ဂီကိုဖွဲ့။
AD – ၁၉၂၃ – ဒိုင်အာခီ အုပ်ချုပ်ရေးတွင် မဲပေးကြရ။
AD – ၁၉၃၀ – ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေး အဖွဲ့ချုပ်ကို တည်ထောင်လှုပ်ရှား။
AD – ၁၉၃၄ – ရခိုင်ပြည်လုံးဆိုင်ရာ ဆင်းရဲသားအဖွဲ့ကို ဖွဲ့စည်း။
AD – ၁၉၃၆ – ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ နိုးကြားရေး အစည်းအရုံးကို တည်ထောင်။
AD – ၁၉၃၇ – အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ပဏ္ဍစ်နေရူး စစ်တွေသို့ ရောက်ရှိ။
ဆရာတော်ပျံလွန်(၁၉၃၉)
AD – ၁၉၃၉ – ရခိုင်ဆင်းရဲသား အဖွဲ့နှင့် လူငယ်များနိုးကြားရေး အစည်းအရုံးတို့ ညီလာခံကျင်းပ။
ရခိုင်နိုင်ငံရေး ကိစ္စကို ရခိုင်ကျောင်းသား ခေါင်းဆောင်ကိုဘစံနှင့် သခင်အောင်ဆန်း စတင်ဆွေးနွေး။

#YaThaWinTha(philo)
💬 Comment 0

💬 မှတ်ချက်တိ (0)