ဗုဒ္ဓနေ့
လာမည့် ကဆုန်လပြည့်နေ့(22) ရက်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ အလေးအမြတ်ထားရာ ဗုဒ္ဓနေ့ဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာများကတော့ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓ၏-
၁။ နိယတဗျာဒိတ်ခံယူသောနေ့
၂။ ဖွားတော်မူနေ့
၃။ သဗ္ဗညုတဉာဏ်တော်ကို ရရှိနေ့
၄။ ပရိနိဗ္ဗာန် စံဝင်တော်မူနေ့
လေးခုပေါင်းကာ မြန်မာလကိုအမှီပြုပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့(ညောင်ရေသွန်းပွဲတော်)အဖြစ် နှစ်စဥ်ကျင်းပကျပါတယ်။ သို့သော် နိုင်ငံတကာ ဗုဒ္ဓဘာသာနိုင်ငံများမှာတော့ ယင်းနေ့ကို "Vesak Day" ဟုသာ အသိအမှတ်ပြု သတ်မှတ်ထားပါတယ်။ "Vesak Day" ကို Commemoration of the birth(ဖွားမြင်ခြင်း) Enlightenment(ဥာဏ်အလင်းရခြင်း) Death of The Buddha(ပရိနိဗ္ဗာန်စံဝင်ခြင်း)အဖြစ်ကိုယ်စားပြုကာ "Vesak Day" ကိုကျင့်ပကြပါတယ်။ "Vesak Day" ကို Buddha's Birthday Buddha Day Bodhi Day Nibbāna Day စတဲ့တခြားနာမ်စားအမည်ကိုလည်း သုံးနူန်းကြပါသေးတယ်။ "Vesak Day" ကို တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာနိုင်ငံ တိုင်း ကျင့်ပနိုင်ဖို့ ဆွေးနွေးပွဲကို ပထမဆုံးကျပခဲ့တာတော့ 1950 ခုနှစ် သီရိလက်ာနိုင်ငံမှာလို့ သိရပါတယ်။
အဲဒီနေ့မှာပဲ ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့ဝင်နိုင်ငံ(30)ကျော်ပါဝင်တဲ့ World Fellowship of Buddhists(WFB)-ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များအဖွဲ့ က "Vesak Day" ကို ဗုဒ္ဓဘာသာနိုင်ငံတိုင်း ကျင့်ပဖို့ သဘောတူညီခဲ့ကြပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ရှိသော တချို့နိုင်ငံများမှာလည်း "Vesak Day" နိုင်ငံတော်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ Vesak ဆိုတဲ့စကားက Vesākha(ဝိသာခ) ဆိုတဲ့ စကားကို ယူသုံးထားခြင်းဖြစ်ပါတယ်။ ဟိန္ဒူ ပြက္ခဒိန် အရ Vaisakha(ဝိသာခ လ) သည် April/May ဖြစ်ပါတယ်။ ဗုဒ္ဓကိုလည်း Vaisakha(ဝိသာခ လ) ဖွား၊ပွင့်၊စံကို ရည်ရွယ်ပြီး Vesak Day(ဗုဒ္ဓနေ့) အဖြစ်သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ သို့သော်လည်း တနိုင်ငံနှင့် တနိုင်ငံ ပြက္ခဒိန် မတူကြသည့်အတွက်ကြောင့် ရက်ကွာခြားနိုင်ပါတယ်။ မြန်မာပြက္ခဒိန်အရ ကဆုန်လပြည့်နေ့ ကိုယူပါတယ်။ WFB ကတော့ နှစ်စဥ်အလိုက်ကျင့်ပမည့်ရမည့်ရက်ကို သတ်မှတ်တာတွေ့ရပါတယ်။
2023ခုနှစ်မှာ -- 3 May (Myanmar) 4 May (Malaysia) 5 May (Sri Lanka) 2 June (Singapore) 3 June (Thailand) 4 June (Indonesia) 2024ခုနှစ် ဒီနှစ်မှာ-- 22 May (Malaysia, Myanmar, Singapore, Thailand) 23 May (Indonesia, Sri Lanka) အသီးသီးလက်ခံကျင့်ပပေးရမှာ ဖြစ်ပါတယ်။ Vesak Day(ဗုဒ္ဓနေ့)အခမ်းအနားမှာ နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များဖိတ်ကြားခြင်း(ထေရဝါဒ၊မဟာယာန၊ဝဇီရာယနစသည်အကုန်) ဗုဒ္ဓအားဂါရဝပြု ကန်တော့ခြင်း သာသာနာ့အောင်လံလွှင့်ထူခြင်း ဗုဒ္ဓဆိုင်ရာစာတမ်းဖတ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ဂုဏ်ပြုခြင်းများ ပြုလုပ်ကြပါတယ်။
ဒါက ကမ္ဘာ့အဆင့်ပါ။ နိုင်ငံအဆင့်မှာတော့ မိမိတို့ယဥ်ကျေးမူခံယူချက်တိုင်း ကျင့်ပနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓပွင့်ရာ ဗောဓိညောင်ပင်ကိုအာရုံပြုကာ ညောင်ရေလောင်းကြပါတယ်။ ထိုင်းမှာတော့ ဗုဒ္ဓဥာဏ်အလင်းရမူ ရည်စူးကာ မီးပူးလွတ်ခြင်း၊ ဆီးမီထွန်းခြင်းကို တပျော်တပါးကျင့်ပကြပါတယ်။ ဗုဒ္ဓဘာသာယဥ်ကျေးမူအရ ဗုဒ္ဓဘာသာမှာနေ့ထူးနေ့မြတ်အများအပြားရှိကြပါတယ်။ သို့သော်လည်း ထေရဝါဒကကျင့်ပရင် မဟာယာနကအလေးမထားရက်တွေ၊ မဟာယာနက ကျင့်ပရင် ထေရဝါဒက အလေးမထားရက်တွေ အတော်များပါတယ်။
ဝါဒဂိုဏ်ဂဏ မကွဲပဲ ဗုဒ္ဓဘာသာပွဲအဖြစ် စည်းစည်းလုံးလုံး တကမ္ဘာလုံး ကျင့်ပလာကြတာဆိုရင် ဗုဒ္ဓနေ့(Vesak Day) ပဲရှိပါတယ်။ Mahayana(မဟာယာန) Tibetan(တိဘက်တင်) Theravada(ထေရဝါဒ) Vajrayana(ဝဇီရာယန) Zen(ဇင်) "ငါတို့အာလုံးသည် ဗုဒ္ဓအဆုံးအမ အောက်တွင် တည်ရှိသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။
ထို့ကြောင့် ဗုဒ္ဓနေ့ကိုမမေ့သင့်ပါ"
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဗုဒ္ဓဘာသာဝင်ပီပီ ဗုဒ္ဓဂုဏ်ကိုအောင့်မေ့နိုင်ကြပါစေကြောင်း---
💬 မှတ်ချက်တိ (0)