YaThaWinTha

BA(Philosophy), MA(Linguistics)

ရိုးရာ နန့် ယိုင်ကျေးမူ ဇာပိုင်ကွာလဲ

🕒 2026-10-14 16:08 👁️ 2 ကြည့် 📖 7 မိနစ်

"ဓလေ့ထုံးတမ်း ရိုးရာ ယဉ်ကျေးမှု အမွီအနှစ်တိ" ဒေစကားစုမှာ လူအဖွဲ့တစ်ခုလုံးဧ အငွေ့အသက်တိပါဝင်နီရေ၊ ယင်းစကားစုစော် လူမျိုးစုတစ်ရပ်လုံးကို သြဇာညောင်းပါရေ။
ယင်းစကားစုမှာ မတူကွဲပြားရေ အစိတ်အပိုင်းလေးခု ပါရေ။

၁။ ဓလေ့ထုံးတမ်း(Tradition)(custom)

ဓလေ့ထုံးစံဆိုစော် နိုင်ငံတော်က ဥပဒေပြုပြဌာန်းထားစွာ မဟုတ်ဘဲနန့် မျှတမူနန့်အသုံးပြုမူဆိုင်ရာတိကို ရပ်ရွာလူထုက သတ်မှတ်ထား ရှေ့ရိုးစွဲ ပညတ်ချက်တိ( Rule of conduct) ဖြစ်ပါရေ။ ဥပမာ-လူသီသေ ဇာပိုင်လိုက်နာကျင့်သုံးရဖို့၊ ဇာပိုင်လူတိကို ရပ်ရွာကမောင်းထုတ်ရဖို့အစဟိရေ ဂါမညတ်ချက်တိပါဝင်ပါရေ၊ မလိုက်နာကေ အပြစ်ပီး အပြစ်ခံစနစ်ထိပါဝင်ကတ်ရေလူမျိုးထိဟိကတ်ပါရေ။ တိုးတက်နိန်ကတေ နိုင်ငံတိုင်းမှာတောင် ဓလေ့ထုံးတမ်း ကိုပယ်ပစ်လို့မရနိုင်သိမ်းပါ။တန်းဖိုးထားပြီးကေ လေးစားလိုက်နာကတ်တုန်းပါ။

၂။ ရိုးရာ(folk)(Traditional)

ရိုးရာဆိုစော် လူမျိုးတစုက သတ်မှတ်ကျင့်သုံးနိန်ရေ လုပ်ဆောင်ချက်တိ၊ယုံကြည်ချက်တိ ဖြစ်ပါရေ။ဒေရပ်ရွာလူတိက အကျီကို ​ဒေပိုင်ဝတ်ကတ်တေ၊ ပွဲတော်တိဇာပိုင်လုပ်ကတ်တေ၊ သစ်ပင် တောတောင်တိကို ဇာပိုင်အလေးထားကတေ၊ ဘာသာရီးကို ဇာပိုင်ယုံကြည်လုပ်ဆောင်ကတေ အစဟိရေ ဖော်ပြချက်ချက်စော် ကျင့်သုံးဖန်များလာရေခါ ရိုးရာဖြစ်ပါရေ၊ ယင်းချင့်တိစော်ယင်းလူမျိုးကိုသကေတ ဖြစ်လာစီရေ။

၃။ ယိုင်ကျေးမူ(Culture)

ယဥ်ကျေးမူဆိုစွာ တစ်ဦးယောက်လက်ခံယုံကြည်မူမဟုတ်ပဲနန့် ရပ်ရွာနန့် လူမျိုးတစ်ရပ်လုံးက လက်ခံယုံကြည် လိုက်နာကျင့်ဆောင်ကေ ယဥ်ကျေးမူအဆင့်ရောက်ပါရေ။ ယင်းလူမျိုးဧ ဆက်ဆံ၊နိန်ထိုင်၊ စားသောက်လူပ်ရှားမူအကုန်ပါပါရေ။
ဥပမာ၊ ရခိုင်​ဖြစ်တေ မောင်ထွီးချေရွာမှာ နှစ်တိုင်းနတ်ကရေ၊ ယင်းချင့်သည် ယင်းရွာဧ ရိုးရာဖြစ်ပါရေ၊ ရခိုင်ပြည်ထဲက ရိုးရာတစ်ခု ဖြစ်လာရေ၊ ရခိုင်တပြည်လုံးနတ်က ကတေဆိုကေ ရခိုင်ယဥ်ကျေးမူအဆင့်ရောက်ပါရေ။
မြန်မာအယူအဆကတော့ခါ ရိုးရာစော်လည်း ယိုင်ကျေးမူအဖြစ်သတ်မှတ်ထားကတ်တေ၊ စာပီနန့်ဆိုင်ကေ စာပီယိုင်ကျေးမူ၊ ရိုးရာနန့်ဆိုင်ကေ ရိုးရာယိုင်ကျေးမူ၊ အစဟိသဖြင့်သုံးရေ၊ ခက်စွာက မြန်မာပြည်တွင်းထဲ ဟိသမျှစာပီနန့် ရိုးရာ အစဟိစွာတိကို မြန်မာ့ယဥ်ကျေးမူစရင်းမထည့်စော်က နားလည်ရခက်ရေ၊

၄။ အမွီအနှစ်(heritage)

အမိအဖ၊ အဘိုး၊အဖီး၊ လူကြီး သူမတိပါးက လက်ဆင့်ကမ်းသယ်ဆောင်လာကတ်ရေ အရာမှန်သမျှတိစော် အမွီအနှစ်ဖြစ်ပါရေ။ ယင်းအရာဝတ္ထုစော် တခြားလူမျိုးအတွက်တန်ဖိုးမဟိကေလည်း သိမ်းဆည်းထားရေ လူမျိုးတိအတွက် နှစ်ကြာလီလီ တန်ဖိုးတက်လီဖြစ်ပါရေ။ ဂုခေတ်ကာလအရ ၁၀၀အောက်စော် အမွီအနှစ်မြောက်ပါရေ။ ဓလေ့၊ရိုးရာ၊ယဥ်ကျေးမူတိထက် တန်ဖိုးကြီးမားပါရေ။
လက်ဟိကာလမှာ အမွီအနှစ်ပိုင်ဆိုင် ထားမူတိ တကမ္ဘာလုံးကစောင့်ကြည့်ဂုဏ်ပြုလာကတ်ရေ။
ယင်းအမွီအနှစ်ထဲမှာ ယင်းလူမျိုးတစ်ရပ်ဧ ကိုယ့်လူမျိုးအပေါ် တန်ဖိုးထားမူနန့် ဓလေ့၊ရိုးရာ၊ယိုင်ကျေးမူတိ ပါဝင်နီလို့ ဖြစ်ပါရေ။

နိဂုံးချုပ်

နိဂုံးချုပ်ရကေတော့ခါ ဓလေ့ထုံးတမ်း ရိုးရာ ယဉ်ကျေးမှု အမွီအနှစ်တိစော် ယင်းလူမျိုး တမျိုးဧပင်ပ အသက်သွီးဖြစ်ပါရေ။ နိုင်ငံတစ်ခုနန့်တစ်ခု လူမျိုးစုတစ်ခုနန့်တစ်ခု "ဓလေ့ထုံးတမ်း ရိုးရာ ယဉ်ကျေးမှု အမွီအနှစ်တိ" တူစွာလည်းဟိဖို့ မတူစော်လည်းဟိကတ်ပါဖို့။ တခြားလူမျိုးတစ်ယောက်ဧ ဓလေ့ရိုးရာသည် နောက်လူမျိုးတစ်ယောက်တွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နိန်ပါဖို့။ ယကေလည်း တစ်ယောက်ယိုင်ကျေးမူကို တစ်ယောက် မယုံကြည်ကေတောင် လေးစားတတ်ဖို့စော်က လူသားနိယာမ တစ်ခု ဖြစ်ပါရေ။
ဓလေ့တိ တိန်ကောလာကေ၊
ရိုးရာပျောက်ပျက်လာကေ၊
ယိုင်ကျေးမူတိ ဆုတ်ယုတ်လာကေ၊
အမွီအနှစ်တိပျောက်ဆုံးလာကေ၊
လူမျိုးလက္ခဏာလည်း ပျောက်ဆုံးပြီးသားဖြစ်လားပါရေ။ ​ယင်းဇုနန့်
ကိုယ်ရို့ ဓလေ့ထုံးတမ်း ရိုးရာ ယဉ်ကျေးမှု အမွီအနှစ်တိ ကို ထိန်းသိမ်းနိုင်ကတ်ပါစီ၊ သူများတိ ဓလေ့၊ရိုးရာ၊ယိုင်ကျေးမူတိကိုလည်း လေးစားနိုင်ကတ်ပါစီ ဆန္ဒပြုရင်း----
💬 Comment 0

💬 မှတ်ချက်တိ (0)