YaThaWinTha

BA(Philosophy), MA(Linguistics)

သင်္ကြန်လုပွဲ

🕒 2026-10-14 16:09 👁️ 2 ကြည့် 📖 7 မိနစ်

ဒေနိ မြို့ထဲဘက်တစ်ချက် ရောက်ခယင့်။ ရပ်ကွက်တိုင်းရီလောင်းမဏ္ဍပ် အိမ်ယှေ့တိုင်းရီလောင်း မဏ္ဍပ်၊ သင်္ကြန်လည်ကားတိက တိုးမပေါက်နိုင်ထိများရေ။ စစောချေကပင် ညဥ့်အထိ မစဲနိုင် ရေ ရီလောင်း ကခုန်နီကလူတိ။
ထိုင်းမှာနိန်စွာလည်း သက်တမ်းမနည်းပါရာ၊ နှစ်တိုင်းလည်းမြို့ထဲရောက်ယင့်၊ ယကေလည်း ဒေနှစ်ပိုင် ထိုင်းတိ ပျော်ကြီးကျပိုင်မတွိ့ဖူးသိမ့်။ သင်္ကြန်ဆိုကေ ပတ္တရာကမ်းခြီ ကို ပေါင်ဒါလိမ်းဖို့ ဗြီးကရကေလည်း ဒေနှစ်ကတော့ ရီသဘင်မဏ္ဍတိနန့် မြို့တွင်းမှာ သောင်းကျန်းလို့ရပါရာ။
========================
ထိုင်းကပြောရေ သင်္ကြန်စော် ငရို့ရိုးရာလတ်၊ မြန်မာကပြောရေ သင်္ကြန်စော် ငရို့ရိုးရာလတ်၊
ရခိုင်ကလည်း သင်္ကြန်​စော် ငရို့ရိုးရာလတ်၊
ယပိုင်အသုံးကို အိန္ဒိယလည်း ပြောလို့ရပိုင်၊ လာအို၊ ကမ္ဘောဒီးယား အစဟိရေ သင်္ကြန်ကျင်းပနိန်ရေ
ဗုဒ္ဓဘာသာနိုင်ငံတိုင်းက ပြောခွင့်ဟိပါရေ၊ ဇာနိုင်ငံက စတင်ကျင့်ပခရေဆိုစွာက တိကျခိုင်လုံရေ အထောက်အထားတော့ဟိဖို့လိုပါဖို့။ ဘာသာရီး​နန့် ​ ​တတူယှဥ်တွဲပါလာရေ ယိုင်ကျေးမူတရပ်ကို သူပိုင် ငါပိုင် ဘက်လုဖို့က စကေတော့ နက်နဲပါရေ။
ဗုဒ္ဓဘာသာနိုင်ငံတိုင်း ခုလက်ဟိအခြီအနေပိုင် ရီသဘင်ပွဲတိ ဝိုင်းဝန်းကျင့်ပကေ ပိုပြီးတောင် ဝမ်းမြောက်ဖို့ကောင်းပါရေ၊ ဒေချင့်သည် ဗုဒ္ဓဘာသာယိုင်ကျေးမူတရပ်ဖြစ်ပါရေ၊ ဗုဒ္ဓဘာသာဝင်တိ ကိုယ့်ဘာသာယိုင်ကျေးမူကို ပြသရေ အင်အားတရပ်ဖြစ်ပါရေ။ ခရစ်ဆမတ်နိကို တစ်ကမ္ဘာလုံးက ခရစ်ယာန်တိ ဝန်းဝိုင်းကျင်းပရေ။
ဇာနိုင်ငံကမှလည်း ငရို့အရင်စစွာလို့အသံမထွက်၊
ထိုနည်းအတိုင်း တခြားဘာသာတိမှာလည်းဟိယင့်။
ဘာသာရီးယိုင်ကျေးမူကို လုရေအသံမကြားဖူးသိမ်း။
=======================
ထိုင်းမှာ အရင်ခေတ် အဆက်ဆက်ကပင် သူ့ယိုင်ကျေးမူပုံစံဓလေ့အလျောက် သင်္ကြန်ကျင့်ပလာကစွာ ထင်ရှားရေ မှတ်တမ်းတိ ဟိကောင်းဟိပါဖို့၊ ဘုရင်စနစ်ဆိုခါ မှတ်တမ်းတိကိုသူရို့အလေးထားပါရေ၊ မြန်မာထက်စောချင်စောဖို့ နှေးချင်ကေလည်းနှေးဖို့ ၊ယကေလည်း အလေးအမြတ်ထားကြောင်းကို နိုင်ငံတော်ရုံးပိတ်ရက် နန့် အလုပ်ပိတ်အဖြစ်သတ်ထားစွာကို ကြည့်ခြင်းနန့်သိနိုင်ရေ။
======================
ဗုဒ္ဓဘာသာယိုင်ကျေးမူ ကိစ္စမှာ ယူနစ်စကို ကြားညှပ်လာပါရေ။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်ယိုင်ကျေးမူကို ယူနစ်စကို ပါစီချင်ကတ်တေ။ ကမ္ဘာကိုသိစီချင်ကတ်တေ။ ယကေလည်းသော
၁။ ကိုယ့်ယိုင်ကျေးမူတစ်ရပ်ကို ယူနစ်စကိုမှာ အလေးအနက်ထား လျောက်ထားခလား။
၂။ ကျင့်သုံးခစော် သက်တမ်းဇာလောက်ကြာရာလဲ
၃။ လက်ဟိကျင့်သုံးဆဲလား၊ ဇာပိုင်ကျင့်သုံးလဲ
ဒေသုံးချက်စော်အရေးကြီးပါရေ၊ ယိုင်ကျေးမူချင်းတူကေတောင် အလေးအနက်ထားလျောက်ထားဖူးလား၊ လျောက်ထားစော်ချင်းတူကေတောင် သက်တမ်းကွာခြားမူ ဇာလောက်ဟိကသာရေ။
သက်တမ်းတူခကေတောင် လက်ဟိဇာပိုင်ကျင့်သုံးနီကတ်လည်း အပိုမူတည်လာရေ။
========================
ကုန်ခရေ နှစ်တိက ထိုင်းရီလောင်းမဏ္ဍပ်ဆိုစွာ မဟိသလောက်ပါ၊ ယကေလည်း ထိုင်းနိုင်ငံထဲမှာ မြန်မာရီလောင်းမဏ္ဍပ်ကြီးတိ ထိုင်းမြို့နယ်အနှံဟိပါရေ၊ မဏ္ဍပ်တစ်ခုတိုင်းကိုတောင် မြန်မာထောင်ကျော်တက်ရောက်ပါရေ။ (ဒေနီရာမှာ မြန်မာဆိုစော်တိုင်းရင်းသားအာလုံးကိုပြောစွာပါ)။ ထိုင်းတိ ဇာလို့ခွင့်ပြုပါလည်း ဒေလောက်များရေ လူထုတိကို၊
ထိုင်းလူမျိုးတိကလည်း သူရို့နိုင်ငံမှာလာလုပ်နိန်ကတေဆိုပြီးကေ ဇာလို့မကန့်ကွက်ပါ၊ ဒေချင့်ကမေးခွန်းဖြစ်လာပါရေ။
အဖြေကရှရှင်းချေပါ၊ ထိုင်းနိုင်ငံမှာ ဥရောပနိုင်ငံသားတိအများအပြားဟိပါရေ။ သူရို့ယူလားရေ မှတ်တမ်းစော် မြန်မာသင်္ကြန်တွက်မဟုတ်ပါ၊ ထိုင်းနိုင်ငံမှာ ကျင့်ပရေ ထိုင်းသင်္ကြန်ပါ။ လူများလီကောင်းလီ။ မှတ်တမ်းများများရလီဖြစ်ပါရေ။
ထိုင်းလူမျိုးတိက ရိုးရာကိုရီဘက်စနစ်ပြောင်းပီးလိုက်ရုံရာ။
မြန်မာက သင်္ကြန်ကို ရိုးရာပိုင်မြင်ရေ၊ ထိုင်းက သင်္ကြန်ကို စီးပွားရီပိုင်မြင်ရေ။ မြန်မာလူမျိုးတသိန်းလောက်သင်္ကြန်စားကေတောင် သူရို့တွက် အရက်ဘီယာဖိုး၊ရီဖိုး၊လမ်းဖိုး၊အကုန်စော်သည်ထိုင်းဝန်ငွေ ဖြစ်ပါရေ၊ လူများလီလီ နိုင်ငံခြားသားလာလည်လီလီ၊ ဒေါ်လာစားလီလီ၊ ယင့်ချင့်ကြောင့်
ယူနစ်စကို ဝင်လီသတည်း။ ပတ္တရာမှာ ကတည်းက ဒေစျီးကွက်သူရို့မြင်ပြီးသားရာ။
=====================
ရခိုင်တိအတွက် သခ်န်းစာတစ်ခုကတော့ခါ ငရို့စွာကို ငရို့သိကေ ဗြီးရာ ဆိုရေ အတွေးထက် ငါရို့စွာကိုသူများတိပါသိအောင် ဇာလုပ်သင့်လဲဆိုစော် သိဖို့ပိုလိုအပ်လာပါရေ။ မဟုတ်ကေ ယိုင်ကျေးမူပါသူများပိုင်ဖြစ်လားတတ်တေ။

💬 Comment 0

💬 မှတ်ချက်တိ (0)