ရခိုင်ဘုရင်တွေ အုပ်စိုးစဉ်ကာလာကတည်းက အမ်းမြို့ဟာ အဓိကကျတဲ့ မြို့စရင်းထဲပါဝင်ခဲ့ပါတယ်။ အရင်တုန်းကတော့ အမ်းမဟုတ်ပါဘူး၊ အမ္ဗနဒီ လို့ခေါ်ပါတယ်။ မြန်မာလိုတော့သရက်ချောင်းမြို့ခေါ်ရပါလိမ့်မယ်။ ရိုးမတောင်တန်းကြီးကနေ မြို့အနှံစီးဆင်းလာတဲ့ ချောင်းလေးကိုအစွဲပြုပြီး အမ္ဗနဒီလို့ခေါ်ကြတာပါ။ အမ်းချောင်းဟာ အမ်းသူအမ်းသားတွေရဲ့ အသက်ဖြစ်သလို၊ အမ်းမြို့ရဲ့ အလှ၊ အမ်းမြို့ရဲ့ အသက်ဝိဉာဏ်လည်းဖြစ်ပါတယ်။ ရခိုင်ဘုရင်လက်ထက်တော်အခါတုန်းက မြောက်ဦး၊သံတွဲတို့နှင့် တန်းတူအုပ်ချုပ်ခွင့်ရခဲ့တဲ့ နေရာဖြစ်ပါတယ်။ ယခု ဒလက်ရွာဟာ အမ္ဗနဒီရဲ့ မြို့တော်နေရာပါ။ မူလက မြို့ကိုတည်ခဲ့တဲ့ သူကတော့ လောင်းကြတ်ခေတ်မှာ စိုးစံခဲ့တဲ့ ဘုရင်မင်းထီး ဖြစ်ပါတယ်။ အမ်းမြို့ဟာ ရိုးမကိုနောက်ခံထားတာကြောင့် ရခိုင်ဘုရင်တွေ တောကစားထွက်ရာ နားနေတဲ့ မြို့ လေးတစ်ခုဆိုလည်း မမှားပါဘူး။ ရိုးမကို ဖြတ်ပြီး အထက်မြန်မာပြည်ကိုသွားရောက်နိုင်ဖို့ တစ်ခုသော လမ်းကြောင်းဆုံရာနေရာလည်း ဖြစ်ပါတယ်။ မဟာမြတ်မုနိဘုရားကိုလည်း ဒီလမ်းကြောင်းကနေဘဲ ပင့်ဆောင်ခဲ့ကြတာပါ။
ခရစ်သက္ကရာဇ်(၁၈၂၇)ခုနှစ် ဗြီတိသျလက်ထက်မှာ အမူထမ်းခဲ့တဲ့ ဖိုးနီးနှင့်ဖိုးလာညီကို နှစ်ယောက်က ယခုလက်ရှိ အမ်းမြို့မြို့ဟောင်းနေရာသို့ ပြောင်းရွေ့မြို့သစ်တည်လိုက်ပါတယ်။ ရေကြောင်းကုန်ကြောင်းသွားလာနိုင်ပြီး စိုက်ပျိုးရေးလည်း အောင်မြင်တဲ့ အတွက် အမ်းမြို့ဟာ စီပွါးရေးမြို့အဖြစ် စည်ကားခဲ့ပါတယ်။ ဒါပေမယ့် သိပ်တော့ မကြာလိုက်ပါဘူး။ ၁၉၉၆ခု၊ မတ်လ(၂၇)ရက်နေ့ နွေရာသီကြီးမှာ စစ်တွေအနှောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အမ်းကို ပြောင်းရွဲ့ဖို့အတွက် လက်ရှိမြို့ကို ဖြိုဖျက်ပြီး အမ်းချောင်းတဖက်အကျော်မှာ မြို့သစ်တည်ခိုင်းလိုက်ပါတယ်။အဲဒီနေ့ဟာ မြန်မာနိုင်ငံမှာတော့ တော်လှန်ရေးနေ့ပါ။တိုက်ဆိုက်မူဘဲဖြစ်မှာပါ။ ရှေ့လူကြီးတွေပြောပြချက်အရတော့ မြို့သူမြို့သားတွေဟာ မြို့ကိုမဖျက်ဖို့ ငိုယိုတောင်းပန်နေကြတဲ့ ကြားက အမြောက်နှစ်ချက် ဖောက်ပြီး မြို့ဖျက်ကြောင်း ကြေညာခဲ့တယ်လို့ပြောသံကြားဖူးပါတယ်။
အထက်ကပြောခဲ့သလို အမ်းရဲ့ အသက်ဟာ ရိုးမတောင်တန်းနှင့် အမြဲချိုမြ စီးဆင်းနေတဲ့ အမ်းချောင်းပါ။
ရိုးမတောင်တန်းမှာ သစ်ဝါးပြုန်းရန် အမ်းမြို့ရဲ့အနှစ်သာရအေးမြတဲ့ ခံစားမူပျောက်သွားလိမ့်မယ်။
တစ်နှစ်ပတ်လုံး မပြတ်တမ်း အသွင်သွင်စီးဆင်းနေတဲ့ အမ်းချောင်းလေးဟာ ခုဒူးတောင်မမြုစ်တော့ရင် အမ်းရဲ့အလှဟာ အကျဉ်းတန်သွားလိမ့်မယ်။
အမ္ဗနဒီ ကစ္ဆပနဒီ သို့ အမြဲစီးဆင်းပါစေ…
💬 မှတ်ချက်တိ (0)