Hashtag (ဟက်ရှ်တက်)ဆိုစွာ နီရာအလိုက် အသုံးပြုချင်းတော့ တဖဲ့ချေကွာခြားနိုင်ပါရေ။
Programming / Coding မှာ # ကို comment အဖြစ်နန့်သုံးပါရေ။ စာအုပ် စရင်းသွင်းစွာတိမာ (#) ကို နံပါတ် (Number) အဖြစ်နန့် အစားထိုးသုံးပါရေ။
ဂီတမာ # ဆိုကေ sharp (♯) လို့ ဖတ်ပြီးကေ အသံကို တစ်အဆင့်မြှောက်ပီးခါသုံးပါရေ။
ဖုန်းကီးပတ်မာ # ဆိုစွာ special key တစ်ခုအဖြစ်သုံးပါရေ။
Social Media မာ (#) ကို hashtag လို့ ခေါ်ပါရေ။
#Arakan #Rakhine လို့ ရိုက်ပီးလိုက်ကေ ယင့် topic နန့် သက်ဆိုင်ရေ စာတိကို စုထားရေ tag အဖြစ် သုံးပါရေ။ သတ်မှတ်ထားချင်ရေ topic / keyword / အကြောင်းအရာ ကို ချိတ်ပီးစွာပါ။
ဥပမာ #Arakan လို့ရီးထားကေ ယင်း hashtag ကိုနှိပ်ရေ လူတိုင်းက Arakan ဆိုရေ စကားလုံးပါရေ post တိ အကုန်လုံး ကို မြင်နိုင်ပါရေ။
ယင့်ပိုင်နည်းနန့် post တိကို အခြားသူတိ လွယ်လွယ်ကူကူ ယှာဖွီနိုင်စီဖို့ သုံးစွာပါ။
ဟက်ရှ်တက် သြဇာကြီးမားပုံကို ဒေနီရာမာ တဖဲ့ချေ ပြောပြပါမေ။
ပထမဆုံး Hashtag စသုံးခစွာကတော့ခါ 2007 မာ Twitter အသုံးပြုသူ Chris Messina ဆိုရေလူရီးခရေ Post မာ “#barcamp” လို့ hashtag စသုံးလိုက်ပါရေ။
ယင်းနောက်ပိုင်းမှာ hashtag ကို လူတိအသုံးများလာကတ်ပြီးကေ Social Media တိုင်းမာ hashtag လွှမ်မိုးမူက ကြီးစိုးလာပါရေ။ Facebook မာတော့ 2013 မာစသုံး လာကတ်ပါရေ။ ထင်ယှားရေ hashtag တခုနှစ်ခု ပြပါမေ။
#IranElection (2009)
အီရန်မာ ရွီးကောက်ပွဲ ဆန္ဒပြမှုတိကို အပြင်လောကကို သိစီဖို့ Twitter hashtag ကို သုံးချခစွာပါ။
ယင့်ချင့်နန့်တတူ Hashtag ကို အရေးကြီးရေ နိုင်ငံရီးကစပ် ပွဲကြီးတိမာ အသုံးချနိုင်ရေ ဆိုစွာ လူတိသိလာကတ်ပါရေ။
#BlackLivesMatter (2013–now)
ကမ္ဘာအနှံ့ လူမည်းတိအပေါ် အသုံးချရေ အကြမ်းဖက်မှုတိကို ဆန္ဒပြဖို့ hashtag သုံးခစွာပါ။
ဂုယင်း hashtag ကို လူ့အခွင့်အရီး လှုပ်ရှားမှု အကြီးဆုံးတစ်ခု လို့ သတ်မှတ်ထားကတ်ပါရေ။
#IceBucketChallenge (2014)
လူတိကို ရီခဲ ခေါင်းထက်က လောင်းပြီးကေ ဗီဒီယိုတင်၊ ပြီးကေ ALS အတွက် လှူဒါန်းဖို့ ဖိတ်ခေါ်ရေ campaign ဖြစ်ပြီးကေ hashtag ကြောင့် ကမ္ဘာအနှံ့ ကျော်ကြားခပါရေ။ $115 million ထိ ဖေသာ လှူဒါန်းမှုပေါ်လာခပါရေ။
#MeToo (2017)
အမျိုးသမီးတိကို စိန်ခေါ်မှု၊ လိင်ပိုင်းဆိုင်ရာဖောက်မှုတိကို ဖော်ပြဖို့ သုံးခပြီးကေ ကမ္ဘာအနှံ့ လူပေါင်းသန်းများစွာ ပါဝင်ခပါရေ။
စသည်အားဖြင့် မရေမတွက်နိင်ရေ ဇာတ်လမ်းတိက hashtag ထဲမှာဟိနီပါရေ။
X.Facebook အစဟိရေ Social Media တိထက်မာ ရခိုင်နန့်ပတ်သက်ရေ တန်ဖိုးကြီးရေ သမိုင်းနန့် ဆိုင်ရာ စာပီနန့် ဆိုင်ရာ ယိုင်ကျေးမူနန့် ဆိုင်ရာ တခြားတခြားသော ဆိုင်ရာဆိုင်ရာတိ အများကြီး တွိ့ရ ဖတ်ရ ယင့် ။ ယကေလည်း သက်ဆိုင်ရာ Post အတွက် hashtag တစ်ခုတောင် မပါလာရေခါ သမုဒ္ဒရာကို အပ်ကျလားပိုင် ပြန်တွိ့ဖို့ကမလွယ်။
#ရခိုင်သမိုင်း
#ရခိုင်စာပီ
#ရခိုင်သာခြင်း
အစဟိသဖြင့် hashtag ချိတ်ခကေ အသုံးလိုလို ယှာဖွီရေအခါ တစုတစ်စည်းနန့် ရနိုင်ဖို့ ဖြစ်ပါရေ။
💬 မှတ်ချက်တိ (0)