YaThaWinTha

BA(Philosophy), MA(Linguistics)

လူ့သမိုင်းကိုပြောင်းလဲစေခဲ့သော အကြောင်းအရာများ

🕒 2026-10-14 16:12 👁️ 1 ကြည့် 📖 12 မိနစ်

ကမ္ဘာဦးအစကို အချိန်ခရီးသွားစက်မပါပဲ၊ စာအုပ်ကိုစီးပြီးခဏသွားကြည့်ရအောင်ပါ။ သေချာတာကတော့ ဒီနေ့ခေတ်လိုတော့ တိုးတက်စည်ကားနေမှာ မဟုတ်တာ သေချာတယ်။

ဒါဆိုရင်ဘယ်အရာတွေက ဒီနေ့ခေတ်လိုထိရောက်အောင်တွန်းပို့လိုက်တာလဲ။

၁။ စကားအပြောအဆို 

( ကမ္ဘာအစမှာလူတွေ ဘယ်သာဘာကိုသုံးကြတယ်ဆိုတာတိတိကျကျပြောဖို့တော့ခက်ပါတယ်။ အရှေ့တိုင်းဘက်မှာတော့ ဦးကမ္ဘာအစမှာ မာဂဓဘာသာကိုသုံးခဲ့တယ်လို့ယုံကြည်ခဲ့သော်လည်း အနောက်တိုင်းမှာတော့ ကျောက်ခေတ် အထိ ကိုယ်အမူအရာနှင့်သကေတဘာသာကိုသုံးခဲ့တယ်လို့ယူဆကြပြန်တယ်။ ကမ္ဘာတိုက်လေးခုရှိတဲ့ အထဲသူအဆနှင့်သူခံယူထားကြပြန်ပါတယ်။ ဒါဟာလည်းဖြစ်သင့်ပါတယ်။ မွေးကတည်းကဘယ်သူမှစကားမတတ်ပါဘူး။ အုပ်ထိန်းသူနဲ့ သူ့ပတ်ဝန်ရဲ့အသံတွေက သူ့ရဲ့ကိုယ်ပိုင်ဘာသာစကားဖြစ်ပါတယ်။ ရခိုင်မှာမွေးတဲ့လူတစ်ယောက်က ရှမ်းစကားနားလည်ဖို့ခက်ပါလိမ့်မယ်။ ရှမ်းလူမျိုးနဲ့ထိတွေလာတဲ့အခါအဲလူဟာလည်းရှမ်းစကားကိုနားလည်လာပါမယ်။ ဘာသာစကားသာ ဒီတိုးတက်မူဖြစ်မလာခဲ့ ကမ္ဘာကြီးရွာဖြစ်လာစရာအကြောင်းမရှိသလို ကဗျာ လက်ာဆိုတဲ့ခံစားမူရသလည်းဖြစ်လာစရာအကြောင်းမရှိပါဘူး။ စကားအပြောအဆိုတိုးတက်လေ လူသမိုင်းလည်း ပြောင်းလဲလေပါပဲ။)

၂။ မီး 

(လူသမိုင်းအစမှာ မီးမရှိတော့ဒုက္ခရောက်ခဲ့ကြရတယ်။ နေ့ဘက်ပြီးရင် ညဘက်ဆိုအမှောင်တိုက်ထဲ အလင်းရောင်မရှိတော့ရန်သူပေါင်းစုံကိုကြောက်ခဲ့ရတယ်။ မီးကိုတီထွင်လိုက်နိုင်တာဟာ လူသမိုင်းရဲ့အကြီးမားဆုံးတီထွင်မူနဲ့ တိုးတက်မူပဲ။
မီးကြောင့်အကြောက်တရားကိုပယ်ခြားနိုင်ခဲ့တယ်။ ချိုမြန်တဲ့ ရဲ့အရသာကိုလည်းဖန်တီးနိုင်ခဲ့တယ်။ မဟုတ်ရင်ဒီနေ့ထိမီးနဲ့မချက်ပဲ အစိမ်းစားတဲ့ဘီလူးသာသာပဲရှိပါလိမ့်မယ်။)

၃။ တိရိစ္ဆာန်များအပေါ်အောင်နိုင်မူ

( လူထက်အဆများစွာကြီးပြီး ခွန်းအားချင်းမမျှတဲ့တိရိစ္ဆာန် တွေ လူတွေရဲ့အကြောက်တရားကို ရာစုနှစ်များစွာလွမ်းမိုးထားခဲ့ပါတယ်။ နောက်ပိုင်းလူတွေက တိရိစ္ဆာတွေရဲ့အားနည်းချက်ကိုနားလည်လာတဲ့အခါ ဘယ်လောက်ကြီးတဲ့သတ္တဝါ ဖြစ်ပါစေ အရူံးပေးရတော့တော့ပါပဲ။ ဒါဟာလူ့သမိုင်းရဲ့အကြီးမာဆုံးအောင်မြင်မူပါ။ တိရိစ္ဆာန်တွေက ခိုင်းဖက်ဖြစ်လာတယ်၊ အစားအစာ၊အဝတ်အထည် ဖြစ်လာတယ်။ လူတွေက လွတ်လပ်စွာသွားလာရဲကြတော့တယ်။

၄။ စိုက်ပျိုးရေး

( အမဲလိုက်ခြင်းနဲ့ခြေသလုံးအိမ်တိုင်လူ့သမိုင်းကို အခြေခိုင်မြဲအောင် ပြုလုပ်လိုက်တာစိုက်ပျိုးရေးပါ။ အသီးအနှံစိုက်တွေစိုက်တယ်။ လယ်လုပ်တယ်။​ဒါကိုမပျက်စီးအောင်စောင့်ရှောက်ဖို့အိမ်ဆောက်နေတယ်။ထိန်းသိမ်းဖို့အိမ်ထောင်ပြုတဲ့အဆင့်ထိတိုးလာတယ်။အတွေးအခေါပညာရှင် မဲရစ်ဒစ်သ်က ယောကျားများ ယဥ်ကျေးလာအောင် လုပ်ရမည့် နောက်ဆုံးသတ္တဝာသည် မိန်းမသာဖြစ်သည်ဟုဆိုခဲ့ပါတယ်။ စိုက်ပျိုးရေးဟာ မိသားစုနွေးထွေးမူကိုစတင်ခဲ့ပြီးတော့ လူမိုင်းပြောင်းလဲမူရဲ့အကြီးဆုံးခြေလှန်းပါ။

၅။ လူအဖွဲ့အစည်း

(အမဲလိုက်ဘဝက လူသမိုင်းဟာစိုက်ပျိုးရေးမှာလာစုပါတယ်။ တအိမ်ကနေနှစ်အိမ်စုလာတဲ့အခါ အိမ်တွေများတယ်။ အိမ်များရင်လူများလာတယ်။ လူများရင်ရန်ဖြစ်တယ်။ ရန်ဖြစ်ရင်ထိန်းဖို့ ခေါင်းဆောင်တင်တယ်။ ​ပြီးရင် လူကြီးတင်တင်တယ်။ အုပ်စုတွေများလာတော့ အုပ်စုလုလာကြတယ်။ အုပ်စုခေါင်းဆောင်ကိုဘုရင်တင်တယ်။ဘုရင်စနစ်ဖြစ်လာတယ်။ အုပ်စုတွေကြီးလာတော့နိုင်ငံဖြစ်လာတယ်။ နိုင်တဲ့သူဘုရင်လုပ်စနစ်ကနေ
လက်အောက်ခံပြည်သူတွေသဘောနဲ့မှတင်မြောက်တဲ့ သမ္မတစနစ်ကိုတည်ထောင်ကြပြန်တယ်။ ဒီလိုနဲ့ ကိုယ့်နိုင်ငံသူနိုင်ငံနာမည်တပ်ပြီး အပြိုင်အဆိုင်အဆိုင်လုပ်ကြရင်း လူအဖွဲ့အစည်းတရပ်ခိုင်မာလာခဲ့ပါတယ်။

၆။ ကိုယ်ကျင့်တရား

(ကမ္ဘာဦးအစမှာ သူ့ပစ္စည်းကိုယ့်ပစ္စည်းကိုယ်ဆိုတာမရှိဘူး။သူပိုင်ဆိုင်မူကိုယ်ပိုင်ဆိုင်မူဆိုတာမရှိဘူး။လူတွေစုမိလာတဲ့အခါ ပိုင်ဆိုင်မူတွေဖြစ်လာတယ်။ တစ်ယောက်ပိုင်မူကိုတစ်ယောက်ကျူးကျော်ရင် ​ပြဿနာစပါတယ်။ အဲပြသနာကိုဖြေရှင်းဖို့ စည်းကမ်းချက်တွေထုတ်ရပါတော့တယ်။ စည်းကမ်းချိုးဖောက်ရန်အပြစ်ပေး စနစ်သတ် မှတ်ပါတယ်။ အရင်အစပိုင်းအစပိုင်း မှားတဲ့သူကိုမှန်တဲ့သူကအပြစ်ပေးတယ်။နောက်ပိုင်းမှားတဲ့သူကိုအုပ်စုခေါင်းအပြစ်ပေးတယ်။ နောက်ပိုင်းဘုရင်ကအပြစ်ပေးတယ်။ ဥပဒေဆိုဝေါဟာပြောင်းလိုက်တယ်။ ဥပဒေဆိုတာသာမရှိခဲ့ရင် လူသမိုင်းဟာလည်း အမဲလိုက်ခေတ်ထက်မသာနိုင်ပါဘူး။ဖရိုဖရဲ လူအဖွဲ့အစည်းသာရှိပါလိမ့်မယ်။ ဥဒေဒေကင်းလေလေ ကမ္ဘာဦးကိုပြန်သွားလေလေပါပဲ။

၇။ ကိရိယာ 

(ကမ္ဘာအစက လူတွေဟာဘာတစ်ခုပဲလုပ်လုပ်ခွန်းအားအသုံးပြရပါတယ်။ လမ်းလျောက်မလား၊အိမ်ဆောက်မလား၊ ရေခပ်မလား၊ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်မလား။ရွာတည်ဆောက်မလား၊ မြို့တည်ဆောက်မလား၊လူခွန်အားကိုပဲသုံးရပါတယ်။နောက်ပိုင်းတော့အဲခွန်အားတွေအစား ကိရိယာတွေသုံးလာကြပါတယ်၊ အရင်တုန်းကပစ္စည်းတွေကိုလူနဲ့သယ်တယ်။ မနိုင်တော့
တွန်းလို့ရကရိယာတစ်ခုသုံးတယ်။ပြီးရင်လှည်းပုံစံကိရိယာတီထွင်သုံးတယ်။သတ္တဝါတွေသုံးတယ်၊ပြီးတော့ရထားတွေ၊ကားတွေထိဖြစ်လာတယ်။အရင်ကတဲတလုံးဆောက်ဖို့ခက်ခဲကြသော် ဒီနေ့မိုးမျော်တိုက်ဆောက်တောင်လူမပန်းရအောင် ကိရိယာတွေတိုးတက်လာပါပြီ။ဒါတွေဟာလူသမိုင်းကိုပိုတိုးတက်စေပါတယ်။

၈။ သိပ္ပံ

(ကမ္ဘာဦးအစမှာမိုးချိန်းရင်တောင်နတ်ဒေဝါတွေအပြစ်ပေးအထင်နှင့်ကြောက်ဒူးတုန်ခဲ့ကြတယ်။လတွေ၊ကြယ်တွေဆိုတာ သူတို့ရဲ့ကိုးကွယ်ခံ
တွေဖြစ်ခဲ့တယ်။သိပ္ပံပညာကဒါတွေကိုရှင်းလင်းအောင်သက်သေပြခဲ့ပါတယ်။စကြာဝဠာအကြောင်းရော ကမ္ဘာအကြောင်းပါ၊လူသားတွေရှင်းရှင်းလင်းလင်းသိခဲ့ရတယ်။ဒါဟာလူမိုင်းဟောင်းကိုပြောင်းပြန်လှန်ပစ်စေတဲ့အကြောင်းတစ်ရပ်ဖြစ်လာပါတယ်။

၉။ပညါရေး 

(လူသားတွေဟာတန်ခိုးရှင်တွေမဟုတ်ကြပါဘူး။ ။လူသမိုင်းဟာလည်းရှည်ခဲ့ပါပီ။
လူသားသမိုင်းကိုလူသားတွေပြန်သိဖို့တောင်မလွယ်တော့ပါဘူး။ လူသားတွေမှာပိုင်ဆိုင်ဆိုလို့ အတွေ့အကြုံပဲရှိပါတယ်။ ဒါတွေကိုပြန်မျှဝေဖို့လိုအပ်လာပါ။ သားကောင်တွေဘယ်လိုဖမ်းရမယ်။ဘယ်လိုဖမ်းရတယ်။လယ်ဘယ်လိုထွန်သင့်တယ်။ ရှေ့ကလူတွေရှိခဲ့တယ်။သူတို့ဘာလုပ်ခဲ့တယ်။
အစရှိသည်အားမျှဝေ ပေးမူပါပဲ။ လူအဖွဲ့အစည်းစတင်တဲ့အခါ ခေါင်းဆောင်ပိုင်းတွေကိုရှေ့ပိုင်းမှာဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာကို အသက်ရင့်ပုဂိုလ်ကလက်ဆင့်ကင်သင်ပေးတယ်။ ပြီးရင်ဘုရင်စနစ်မှာ အကြီးအကဲဖြစ်မည့်သူတွေ သက်ပေးတော့တယ်။ပြီးရင်သဌေးသူကြွယ်သားသမီးတွေသာမျှဝေတယ်။အကုန်သင်နိုင်အောင်ကျောင်း၊တက္ကသိုလ်အသီးသီးကျယ်ပြန့်လာတယ်။ အဲဒီသင်ကြားမူအားလုံးဟာ လူသမိုင်းထဲလူတွေတွေ့ကြုံခဲ့ရမူတွေကိုပြန်မျှဝေထားခြင်းပါပဲ။အဲဒီမျှဝေမူ တနည်းပညာရေးဟာ လူသမိုင်းအမှားတွေပြင်ပြန်ဖို့အကောင်းဆုံးလက်နက်ဖြစ်ခဲ့ပါတယ်။

၁၀။ စာအရေးအသားနဲ့ပုံနှိပ်အတတ်

(လူသမိုင်းအစမှာ သူတို့အတွေ့အကြုံတွေကိုနောက်လူသိအောင်မျှဝေဖို့ အရုပ်လေးတွေကိုသကေတပြုပြီး ကျောက်သားအစရှိသည်တို့ ရေးခြစ်ခဲ့ကြပါတယ်။ နောက်ပိုင်းအဲဒီသကေတအရုပ်လေးကိုတူရာစုပြီး အဓိပ္ပါယ်ဖွင့်ဆိုကာ ဘာသာဘေဒအဖြစ်လက်ခံလာခဲ့တယ်။ ဆက်သွယ်မူပြုတဲ့အခါတွေအဲဒီသကေတွေကိုအသုံးပြလာကြပါတယ်။ ဒီသကေတအရုပ်လေးကိုကျောက်ပြားကျောက်နံရံတွေပေါရေးရင် ရာသီဥတုကြောင့်ပျက်ပြားသွားနိုင်တဲ့အတွက် ထိမ်းသိမ်းလို့ရအောင်သစ်ရွက်အကြီးစားပေါမှာရေးကြပြန်တယ်။ဒါလည်းအဆင်မပြေဘူး။ သားရေပြားပေါရေးကြပြန်တယ်။ ဒါတွေကိုလက်နဲ့ပြန်ကူး မျဝေကြတယ်။၁၃ရာစုအထိ စာဖတ်ဖူးတာဆိုလို့ သူဌေး၊သူကြွယ် ၊တော်ဝင်မိသားစုနဲ့ ဘာသာရေးဆရာတွေပဲရှိတယ်။ ၁၄၄၇ ခုလောက်မှဂုတင်ဘတ်၏ လက်နိပ်စက်ပေါလာတယ်။ စာကူးသမားက လက်နဲ့နှစ်နှစ်ကူးမှတအုပ်ပြီးတာကို ပုံနိပ်စက်ကြောင့် တနှစ်ကိုစာအုပ်တသန်းခန့် လူအဖွဲ့အစည်းကြားရောက်လာပါတယ်။လူတိုင်းစာအုပ် ဖတ်နိုင်ကိုင်နိုင် အဆင့်သို့ပြောင်းသွားပါတယ်။ ဒါဟာလူသမိုင်းလက်ဆင့်ကမ်းဖို့မဟာအောင်မြင်မူကြီးပါပဲ။

💬 Comment 0

💬 မှတ်ချက်တိ (0)