YaThaWinTha

BA(Philosophy), MA(Linguistics)

ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာသို့

🕒 2026-10-14 17:26 👁️ 1 ကြည့် 📖 30 မိနစ်

ရခိုင်စာပီကွင်းဆက်

“ဒေနိခေတ် ရခိုင်မာ ကိုယ်ပိုင်အက္ခရာ မဟိ၊ ကိုယ်ပိုင်စာ မဟိ၊ မြန်မာစာကိုပင် ရခိုင်သံနန့် ဖတ်နီကတ်ခြင်းရာ ဖြစ်တေ”  ဆိုရေ ၁၉၅၅- ရခိုင်တန်ဆောင်မဂ္ဂဇင်းမာ ထောက်ပြလာရေ ဗမာစာရီးဆရာတစ်ယောက်ဧ ထောက်ပြမှုစွာ ရခိုင်စာပီအသိုင်းအဝိုင်းကို လှုပ်နှိုး လိုက်ပိုင် ဖြစ်လားစီပါရေ၊[1] ဇာကြောင့်လဲဆိုကေ ရခိုင်တိရင်ထဲမာ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ခေတ်အဆက်ဆက် ကိုယ်ပိုင်စာပီ ကိုယ်ပိုင်ယဉ်ကျေးမှုနန့် နိန်လာခရေ ဆိုရေ အသိက ရခိုင်သားတိုင်းမာ ဟိနိန်ကတ်အတွက် စာရီးသားရေအခါမာလေ့ ကိုယ်ပိုင်ဟန်နန့်ရာ ရီးသားပြောဆိုနီခကတ်ပါရေ၊  ယေဒါလေ့ ဘာသာစကားဧ့ အသက်ဖြစ်တေ အက္ခရာကို ရခိုင်အက္ခရာဖြစ်ကြောင်း ဖော်ပြဖို့ သတိမထားမိ ခကတ်ပါ၊ ယင့်ဇုနန့်လေ့ ဘာသာစကား အုပ်စုတူထဲက အက္ခရာတူရေ ဗမာဘာသာက သူရို့စာကို ယူသုံးနီရေလို့ အထင်မှားဖော်ပြလိုက်ခြင်းစွာ ရခိုင်လူမျိုးနန့် ရခိုင်စာပီဂုဏ်သိက္ခာကို ထိပါးလာပိုင် ဖြစ်လား စီပါရေ။

ယင်းပိုင် အထင်မှားခံရပြီးနောက် ၁၉၅၇ခုနှစ် ရခိုင်တန်ဆောင်မဂ္ဂဇင်းမာ အရင်က ဖော်ပြနီကျ မြန်မာဘာသာကဏ္ဍ၊ အဂ်လိပ်ဘာသာကဏ္ဍအပြင် နောက်ထပ်ရခိုင်ဘာသာကဏ္ဍကိုပါ ပထမဆုံး ထပ်တိုး ရီးသွင်းဖော်ပြ လိုက်ပါရေ။ ယင်းရခိုင်ဘာသာကဏ္ဍမာ ရက္ခဝဏ္ဏအက္ခရာ၊ ရခိုင်သင်ပုန်းကြီးရွတ်ဆိုနည်း၊ ရခိုင်အသတ်ကြီး၊ အသတ်ချေဆိုနည်း အပြင် လေးမြို့ခေတ်အက္ခရာ၊ မြောက်ဦးခေတ်အက္ခရာတိကို ပါထုတ်ပြ လိုက်ကတ်တေ၊ နောက်ပြီးကေ ဆရာစံကျော်ထွန်းကလေ့ ရခိုင်စာပီစွာ မြန်မာစာပီ မဟုတ်ကြောင်းကို ရန်ကုန်တက္ကသိုလ်မာ “ရခိုင်ကဗျာနန့် အတွေးအခေါ်များ” စာတမ်းရှည်ကို ဖတ်ကြားပြီး ကြေညာလိုက်တေ၊ ဒေချင့်စွာ ခေတ်သစ်ရခိုင်စာပီဧ ဗွီလာဦး နိဒါန်းဖြစ်တေ၊[2]

ရခိုင်တန်ဆောင်ကနိန်ပနာ အခြီပြုခရေ နောက်ထပ်မျိုးဆက်တိ ဖြစ်လာကတ်တေ ၁၉၆၁-ခေတ်ရှေ့ဆောင်၊ ဓညစာဆောင်၊ ၁၉၆၈- ရခိုင်ညွန့်ဖူး အစဟိသဖြင့် အသီးသီး  ရခိုင်စာပီတွက် တံတိုင်းတိ ပေါ်လာကတ်တေ၊ ၁၉၆၀ ရန်ကုန်တက္ကသိုလ်မာ တင်သွင်းခရေ ဦးမြိုင်သန့် ဧ့ “ရခိုင်ဘာသာစကား သမိုင်းစစ်တမ်း” စာတမ်း စွာလေ့ စာပီနန့် အနီဆုံးဖြစ်တေ တက္ကသိုလ်ကျောင်းသားတိအတွက် ခွန်အားတရပ်ကို ဖြစ်စီခပါရေ၊ ၁၉၇၁ မာဆိုကေ ကျောက်ဖြူခရိုင် တက္ကသိုလ် ကျောင်းသားကျောင်းသူတိ စုပနာ ရခိုင်စာပီ ကိုယ်ပိုင်ဂီတ ဟိကြောင်း ”ရက္ခိုင်ရွက်ပုန်းသီးသခြင်းတိ-အမှတ်(၁)” စာအုပ်ကို ထုတ်ဝီကြေညာလိုက်ကတ်တေ၊[3] ၁၉၇၄ မာ ထုတ်ဝီလိုက်တေ ဦးစံသာအောင်ဧ့ “အေဒီ ၆ရာစုနှင့် ယင်းမတိုင်မှီ ရခိုင်ပြည်သုံးအက္ခရာ” စာအုပ်စွာ ရခိုင်စာပီသမိုင်းအတွက် အသက်သွီးကြိုးဖြစ်ခပိုင် ဗမာတိအတွက် မျက်စောင်းထိုးစရာ ဖြစ်လာခပါရေ။ ၁၉၉၄ မာ အသျှင်စက္ကန္ဒပြုစုရေ ရခိုင်ဘာသာစကား လမ်းညွန်စာအုပ်ကလေ့ ရခိုင်နန့် ဝေါဟာရနန့် လီသံကွဲပြားကြောင်းကို မီးမောင်းထိုးပြလိုက်ပါရေ။ ၁၉၉၆ မာ ဆိုကေ “ကြေညာကအစ ရခိုင်စင်သီးဖြစ်စီရဖို့” ဆိုရေ ကြွီးကြော်သံနန့် အတူ ရခိုင်ဘာသာစင်းသီးနန့် ရခိုင်ရိုးမမဂ္ဂဇင်း ရို့ အသီးသီးပေါ်ပေါက်လာရေ၊[4] ၂၀၀၃ ခုနှစ်မာ ၁၉၅၈ ကနိန် ၂၀၀၀ ခုနှစ်ထိ ရခိုင်မာထင်ရှားရေ စာရီးဆရာတိ ရီးသားပြီးက ရခိုင်မဂ္ဂဇင်းမာ ဖော်ခံခရရေ (၂၉၅)ပုဒ်သော ကဗျာတိကို စုစည်းပနာ ရခိုင်လှမြင့်က ရွက်နုပြန်ချိန် ကဗျာပေါင်းချုပ်ကို ထုတ်ဝီခပါရေ။[5] ယင်းကဗျာစာအုပ်စွာ ခေတ်အဆက်ဆက် ရခိုင်စာပီပညာသျှင်တိ အရီးအသားနန့် ခေတ်သစ်သတ်ပုံကိစ္စတိကို အကောင်းဆုံးမီးမောင်း ထိုးပြပီး နိန်ပါရေ။

၂၀၁၀ စက်တင်ဘာလ(၁၂)ရက် မာ တိုင်းရင်းသားဘာသာစကားတိကို မိခင်ဘာသာနန့် သင်ကြားရီးစနစ် စတင်လာရေအတွက်နန့်  ၂၀၁၃ခုနှစ်မာ ရခိုင်ဖတ်စာသင်ရိုးပြုစုရီး ဆိုစွာပေါ်လာပြီးကေဆရာတော် အသျှင်စက္ကန္ဒ၊ အသျှင်ကုသလ(ငွေသဇင်)၊ဆရာမောင်ဗသိန်း ဦးဆောင်ပနာ ဝချေတန်းကနိန် တတိယတန်းဖတ်စာထိ ပြုစုနိုင်ခကတ်တေ။ ၂၀၂၁ မာ ရခိုင်သင်ပုန်းကြီး ဖတ်စာနန့် ဆရာကိုင် ထိ စာအုပ်တိ ထုတ်ဝီနိုင်ခကတ်တေ။[6] စာတမ်းတိဖက်ဆိုကေလေ့ မြန်မာဘာသာနန့် ရခိုင်ဘာသာကို ပြုစုလာကတ်ရေစာတမ်းတိ အမြောက်အမြားထွက်လာပိုင် ဒေါက်တာတန်းထိပေါ်ထွက်လာကတ်ပါရေ၊ အဂ်လိပ်ဘာသနန့်လည်း ရခိုင်ဘာသာကို စာတမ်းပြုစုကတေ ပြည်ပရောက် ရခိုင်ကျောင်းသားတိ အများအပြား ပေါ်ထွန်းလာပါပြီးကေ ဒေါက်တာဘွဲ့ထိ ယူနိုင်ခပါရေ။ ဆရာတော်ဝါသဝ က အစပြုပနာ ခေတ်သစ် ရခိုင်အဘိဓာန်တိလေ့ အသီးသီးထွက်ပေါ်လာကတ်ပါရေ၊

အထက်ပါအချက်တိကို ပြန်ပနာသုံးသပ်ကြည့်ကေ ရခိုင်စာပီမာ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာဟိကြောင်း သက်သီပြဖို့ နှစ်ပေါင်း ၇၀ အတွင်း ရခိုင်စာပီဆိုင်ရာ စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဆောင်းပါး၊ စာတမ်း အများကြီး ကြိုးပင်းရီးသားခ စွာတိကို တွိ့မြင်ရဖို့ ဖြစ်ပါရေ၊ ယင်းပိုင်ကြိုးပင်းခမှုစွာသည် ဘာသာစကားတခုတွက် လိုလောက်ရေ ပန်းတိုင်းတခုသို့ ဒေနိခါ ရောက်ဟိနိန်ရာလို့ သုံးသပ်လို့ ရပါရေ။ ယေဒါလေ့ ပြီးပြည့်စုံမှုတော့ မဟိပါသိမ့်၊ ယင့်စာအုပ်၊ မဂ္ဂဇင်း၊ ဆောင်းပါး စာတမ်းတိကို ဆန်းစစ်ကြီးကေ ရခိုင်အက္ခရာ၊ စာပီသမိုင်း၊ စာပီအမျိုးအစား၊ ဝေါဟာရဆန်းစစ်မှု၊ ဘာသာဗေဒနိုင်းယှဉ်မှုတိရာ တွိ့မြင်ရပါရေ၊

ခေတ်သစ် ဘာသာဗေဒတခုကို ချဉ်းကပ်ရေအခါမာ အက္ခရာတည်ဟိမှု၊ စာပီသမိုင်းခိုင်ခန့်မှု၊ စာပီ အမျိုးအစားစုံဟိမှု၊ ဝေါဟာရကြွယ်ဝမှု၊ ဘာသာဗေဒနိုင်းယှဉ်ခံနိုင်လောက်မှုနန့် မလုံလောက်နိုင်ပါ၊ ခေတ်စနစ်ပြောင်းလဲလာစွာနန့်အမျှ ဘာသာစကားတစ်ခုဧ့ ဖွဲ့စည်းတည်ဆောက်မှုစွာလေ့ ပြောင်းလဲ လာပါရေ၊ နိုင်ငံတကာအသိမှတ်ပြုမှုစံ ကို အစမ်းသတ်မခံနိုင်ကေ ယင်းဘာသာစာပီတစ်ခုစွာ နောက်ထပ်ဘာသာစကားတိကြားမာ ကြားညှပ်ပနာ အဖျောက်ဖျက် ခံလိုက်လိုက်ရဖို့ အနီအထားဟိပါရေ၊ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာ အတွက် နိုင်ငံတကာ စံနုန်းက သတ်မှတ်ထားကတ်တေ အချက်တိကို တဖဲ့ချေလောက် တင်ပြချင်ပါရေ၊

ISO 639

ISO 639 စံနှုန်းဆိုစွာ ကမ္ဘာပေါ်ဟိ ဘာသာစကားတိကို အတိုကောက် ကုဒ်တိအဖြစ် သတ်မှတ်ပီးထားရေ နိုင်ငံတိုင်း စံနှုန်းတခု ဖြစ်တေ။ International Organization for Standardization (ISO) က ထုတ်ပြန်ထားပြီးသား အပိုင်းခွဲတိအများကြီး ဟိရေအနက် ဘာသာစကားတွက် ISO 639-1၊ 639-2 နန့် 639-3 ရို့မာ အသုံးအများဆုံး ဖြစ်တေ။ ဘာသာစကားတိကို ခွဲခြားရာမာ အသုံးပြုရေ အမျိုးအစားတိမာ နှစ်မျိုးဟိပါရေ။

·       Individual Language : သီးသန့်လွတ်လပ်သော ဘာသာစကား တခုချင်းစီကို ရည်ညွှန်းရေ။

·       Macrolanguage: ဆက်စပ်မှုဟိရေ ဘာသာစကားမျိုးကွဲအများကြီးကို စုစည်းထားရေ ဘာသာစကားအုပ်စုကြီးကိုရည်ညွန်းရေ။

ဘာသာစကားတခုဧ့ သဘောသဘာဝအပေါ် မူတည်ပနာ အောက်ပါအတိုင်း ထပ်ခွဲပါရေ -

1.     Living Languages: လက်ဟိအချိန်မာ လူတိပြောဆို အသုံးပြုနီတုန်းဖြစ်ရေ ဘာသာစကားတိ။

2.     Historical Languages: အယင်က ပြောဆိုခကတ်ကေလေ့ လက်ဟိမာ နိစိုင်ပြောဆိုခြင်း မဟိတော့ရေ ရှိးဟောင်းဘာသာစကားတိ။

3.     Constructed Languages: ဖန်တီးထားရေ ဘာသာစကားတိ[7]

ရခိုင်ဘာသာစကားစွာ ယင့်ထဲက Individual Language နန့် Living Languages ထဲပါဝင်ရေ တွက်တာနန့် sil လို့ခေါ်ရေ ဘာသာစကားကုဒ် သတ်မှတ်ရီး အဖွဲ့က ၂၀၀၈ မာ ရခိုင်ဘာသာစကား (Rakhine / Arakanese language) အတွက် ISO 639-3: rki ကုတ်ကို သတ်မှတ်ပီးခပြီးဖြစ်ပါရေ။[8]

IPA (International Phonetic Alphabet)

IPA ဆိုစွာ ကမ္ဘာပေါ်ဟိ ဇာဘာသာစကားမာမဆို အသုံးပြုရေ အသံတိကို တိကျစွာမှတ်တမ်းတင်ဖို့အတွက် ဖန်တီးထားရေ နိုင်ငံတိုင်း အသံထွက်အက္ခရာစနစ် ဖြစ်တေ။ ယင်းကို International Phonetic Association မှ စတင်တီထွင်ခပြီးကေ အက္ခရာတခုချင်းစီစွာ တသံစီကိုရာ တက်စားပြုရေ။ IPA စွာ ဘာသာဗေဒပညာသျှင်တိ၊ ဘာသာစကားသင်ယူသူတိနန့် သုတေသီတိအတွက် မဟိမဖြစ်လိုအပ်ရေ ကိရိယာတခုဖြစ်တေ။[9] ယင်းဧ့ အဓိကအရီးပါပုံတိမာ -

1.     တိကျသော အသံထွက်ကို ဖော်ပြနိူင်ခြင်း - ကမ္ဘာ့ဘာသာစကားတိုင်းမာ ဟိရေ အသံတိကို နိုင်ငံတိုင်းစံနှုန်းဖြင့် ဖော်ပြနိူင်တွက်နန့် ဘာသာစကားအသစ်တခုကို သင်ယူရာမာ အသံထွက်မားယွင်းခြင်းကို လျှော့ချပီးရေ။

2.     ဘာသာစကား ကွာခြားချက်တိကို နှိုင်းနိူင်းနိုင်ခြင်း- မတူညီရေ ဘာသာစကားနှစ်ခုမာဟိရေ အသံတိကို IPA အသုံးပြုပနာ နှိုင်းယှဉ်လိ့လာနှိုင်ရာ ဘာသာဗေဒဆိုင်ရေ သုတေသနတိမာ ကကောင်း အသုံးဝင်ရေ။

3.     စံသတ်မှတ်ချက် ဖြစ်ခြင်း: အိန်းဂလိချ်စာမာ 'read'(ပစ္စုပ္ပန်) နန့် read (အတိတ်) ရို့ဧ့ အသံကွာခြားချက်ကို IPA ဖြင့် /riːd/ နန့် /red/ ဟု တိကျစွာ ခွဲခြားပြနှိုင်ရေ။ ဒေပိုင်နန့် အသံထွက်နန့် ပတ်သက်ရေ ရှုတ်ထွီးမှုတိကို ပပျောက်စီရေ။

4.     အသံဗေဒဆိုင်ရေ မှတ်တမ်းတင်ခြင်း- ဒေသန္တရ ဘာသာစကားတိကို မှတ်တမ်းတင်ရာမာ ယင်းရို့ဧ့ အသံတိကို အမှန်အတိုင်း ထိန်းသိမ်းထားနိုင်ဖို့ IPA ကို အဓိကအသုံးပြုပါရေ။

5.     ဘာသာပြန်နန့် အဘိဓာန်တိမာ အသုံးပြုခြင်း- အဘိဓာန်အများစုမာ စကားလုံးတလုံးဧ့ အသံထွက်ကို လူတိုင်းနားလည်နိုင်ဖို့ IPA အမှတ်အသားတိကို အသုံးပြုပနာ ပြသလိဟိရေ။

ရခိုင်ဘာသာကို ချဉ်းကပ်ရေအခါမာလေ့ IPAစနစ် စွာချန်ထားခလို မရရေ အခဏ်းတစ်ခုက ပါဝင်နီပါရေ၊ မျက်မှောက်ခေတ်မာဆိုကေ စာကနီအသံထုတ်ပီးခြင်း အသံကနီစာထုတ်ပီးခြင်းကိစ္စတိစွာ IPA စနစ်ကို အခြီခံထားခြင်းဖြစ်ပါရေ၊ ရခိုင်နန့် ဗမာစွာ ရသံရာကွာရေလို့ ယူဆထားပြီး IPA ကိုချန်လှစ်ထားခကေ ရသံမပါရေ ရခိုင်ဝေါဟာရကို ဗမာသံနန့် ဖတ်ခိုင်းကြည့်ပါ၊ ရခိုင်ဝေါဟာရက ဗမာသံထွက်လာကေ IPAလွဲနီရာ ဆိုစွာကို သတိပြုမိစီဖို့လိုပါရေ၊ ယင်းချင့်ကြောင့် ဝေါဟာရတည်ငြိမ်ဖို့ လိုရေပိုင် ဘာသာစကားတစ်ခုမာ IPA တည်ငြိမ်ဖို့လေ့ လိုအပ်လာပါရေ။

Unicode (ယူနီကုဒ်)

Unicode (ယူနီကုဒ်) ဆိုစွာ ကမ္ဘာပေါ်ဟိ ဘာသာစကားအားလုံး၊ သင်္ကေတအားလုံး အတွက် တကမ္ဘာလုံးဆိုင်ရေ စံသတ်မှတ်ချက်တခု (Universal Character Set) ဖြစ်တေ။

ရရိုးချေပြောရကေ ကွန်ပျူတာနန့် ဖုန်းတိမာ စာလုံးတိကို ဖော်ပြနှိုင်ဖို့အတွက် နိုင်ငံတိုင်းက သတ်မှတ်ထားရေ စာလုံးနံပါတ်စဉ် တခုဖြစ်တေ။[10] Unicode ကြောင့် -

1.     တကမ္ဘာလုံး စံသတ်မှတ်ချက်- ကမ္ဘာ့ဘာသာစကားတိုင်း (အိန်းဂလိချ်၊ တရုတ်၊ ဂျပန်၊ အာရပ် စသည်) အတွက် တခုတည်းသော ကုဒ်စနစ်ကို သုံးခြင်းဖြစ်တေ။

2.     စက်ပစ္စည်းတိုင်းမာ ဖတ်ရှုနိုင်ခြင်း-ဖုန်းထဲမာ ရီးလိုက်ရေ ရခိုင်စာကို ကွန်ပျူတာ၊ Tablet သို့မဟုတ် အရာနိုင်ငံက စက်ဝန်တိမာ အမှားအယွင်းမဟိ ပုံမှန်အတိုင်း ဖတ်ရှုနှိုင်ပါရေ။

3.     ရှာဖွီမှု (Search) လွယ်ကူခြင်း-အိန်တာနက်ထက်မာ အချက်အလက်တိကို ရှာဖွီရာမာ Unicode စနစ်နန့် ရီးသားထားမှုကြောင့် စနစ်တကျ ရှာဖွီနှိုင်တွက်နန့် ရလဒ်တိ မှန်ကန်ဖို့ဖြစ်တေ။

4.     အချက်အလက်ဖလှယ်ခြင်း- ဖိုင်တိကို တနီရာက တနီရာသို့ ပီးပို့ရာမာ Font အပြောင်းအလဲ ပြဿနာမဟိဘဲ စာသားတိ မပျက်စီးဘဲ ရောက်ဟိနှိုင်ရေ။

၁၉၉၉ ခုနှစ် Myanmar Unicode 3.0 မာ အက္ခရာ ၇၈ လုံးနန့် စတင်ခပြီးကေ၊ ၂၀၁၄ ခုနှစ် Myamar Unicode 7.0 မာ အက္ခရာ ၂၂၃ လုံး ထိ တိုင်းရင်းသား ဘာသာစကားတိအတွက် လိုအပ်ရေ အက္ခရာတိကို ထပ်မံဖြည့်စွက်ပါလတ်တေ၊[11] Myanmar Unicode ဆိုစွာ ဗမာဘာသာတစ်ခုတည်းကို ရည်ညွန်းခြင်းမဟုတ်ပဲ၊ မြန်မာနိုင်ငံတွင်း ပြောဆိုကတ်တေ ဗမာဘာသာအပါအဝင် ဘာသာစကား(၃၀)ကို တက်စားပြုပါရေ၊[12] ရခိုင်ဘာသာစွာလည်း U+1000-U+109F ကုတ်ကို အခြီခံရေ Unicode စရင်းဝင်ဘာသာစကားတခု ဖြစ်ပါရေ၊[13]

Keyboard, Fonts

Keyboard စွာ လူသားရို့ဧ့ စိတ်ကူးနန့် ဘာသာစကားကို ကွန်ပျူတာ သို့မဟုတ် ဖုန်းထဲကို ထည့်သွင်းပီးရေ ပထမဆုံး တန်းခါးပေါက်ဖြစ်ပါရေ။ အက္ခရာတိ ရိုက်နှိပ်နိုင်ဖို့ ဘာသာစကားတိုင်းမာ ကိုယ်ပိုင်အက္ခရာ (Scripts/Characters) တိ ဟိကတ်တေ။ Keyboard တခုစွာ ထိုဘာသာစကားဧ့ အက္ခရာတိကို ရိုက်နှိပ်နိုင်ဖို့ သီးသန့်စီစိုင်ထားရေ Layout ဟိမှရာ စာသားကို တိကျမှန်ကန်စွာ ဖန်တီးနှိုင်ဖို့ဖြစ်ပါရေ။ Unicode အသိအမှတ်ပြုထားရေ၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်း စသည်ရို့မာ Unicode ကုဒ် ကို အခြီခံပနာ  ကိုယ်ပိုင် Layout တည်ဆောက်ပြီးကေ  Keyboard ကီးဘုတ်အဖြစ်သုံးကတ်ပါရေ၊ ရခိုင်ဘာသာအတွက် ကိုယ်ပိုင် Layout လက္ခဏာပါရေ ကီးဘုတ်မဟိသိမ့်ပါ၊ Windows မာ Microsoft က ဗမာ  Layout ကို အခြီခံပနာ ရခိုင် Keyboard ထည့်ပီးထားရေ၊ ဖုန်းတိမာလေ့ Google က Gboard Keyboard ထဲမာ ရခိုင်ဘာသာ Keyboard ကိုထည့်သွင်းပီးထားရေ၊ ယေဒါလေ့ ကိုယ်ပိုင် Layout မဟုတ်ရေခါ အားရမှုမဟိသိမ့်ပါ၊

Font ဆိုစွာ စာသားကို ဇာပိုင်ပုံစံထုတ်ပနာ ပြသဖို့လဲကို ဆုံးဖြတ်ပီးရေ ဒီဇိုင်းဖြစ်ပါရေ။ Font တခု မဟိကေ စာလုံးတိစွာ အဓိပ္ပာယ်မဲ့ရေ သင်္ကေတတိ စာလုံးတိအဖြစ်နန့်ရာ ပေါ်လှာပါဖို့။ ဘာသာစကားတိုင်းမာ ကိုယ်ပိုင် အလှအပနန့် ယိုင်ကျေးမှု ဟိရေ။ Font တိစွာ ထိုဘာသာစကားဧ့ အလှတရားကို ပေါ်လွင်စီရေ။ ဥပမာ- မြန်မာစာဧ့ ကွေ့ဝိုက်ရေ ပုံစံစွာ Font ဒီဇိုင်းပေါ်မာ အများကြီး မူတည်ပါရေ။ ဘာသာစကားတိအတွက် Font စွာ ကကောင်း အရီးကြီးပါရေ။ မြောက်ဦးဖောင့်၊ ကျောက်တော်ဖောင့်၊ပညာကျော်ဖောင့် စသည်အားဖြင့် Unicode ကို အခြီခံထားရေ ရခိုင်အလှကိုယ်ပိုင်ဟန် ဖောင့်တိ ပေါ်လာကေတော့ ရခိုင်စာပီအလှကို ပိုကြွစီပါဖို့ထင်ပါရေ။

စကားလုံးခွဲခြမ်းစိတ်ဖြာချက် (Word Analysis)

စကားလုံးတလုံးစွာ အသံထွက်သက်သက်မဟုတ်၊ စကားလုံးတိစွာ သမိုင်းကြောင်း၊ ယိုင်ကျေးမှုနန့် တွီးခေါ်မှုတိကို သယ်ဆောင်ထားရေ။ စကားလုံးခွဲခြမ်းစိတ်ဖြာခြင်း (Word Analysis) ဆိုစွာမာ ယင်းကွယ်ဝှက်နိန်ရေ အဓိပ္ပာယ်တိကို အပိုင်းပိုင်း ခွဲစိတ်ကြည့်ရှုခြင်း ဖြစ်တေ။

စကားလုံး ခွဲခြမ်းစိတ်ဖြာခြင်းစွာ ဘာသာစကားကို ပျက်ချိပျက်ချော် သုံးစွဲသူတိအတွက် မဟုတ်ဘဲ၊ စကားလုံးဧ့ အနှစ်သာရကို နက်နက်ရှိုင်းရှိုင်း ခံစားနားလည်လိုသူတိအတွက် ထက်မြက်ရေ လက်နက် တခုဖြစ်တေ။ ယင်းချင့်ကို တတ်ကျွမ်းပိုင်နိုင်ခြင်းစွာ စာပီကို ပိုပြီးကေလှပစီပြီးကေ၊ အတွေးအခေါ်ကို ပိုပြီးကေ တိကျစီရေ။ နိုင်ငံတကာမာ ဝေါဟာရတတိကို ချည်းကပ်ကျင့်သုံးနီရေ နည်းစနစ်ကို အများကြီးဟိပါရေ၊ စာမျက်နှာလိုအပ်ချက်ကြောင့် ချန်လှစ်ခပါမေ၊ ယေဒါလေ့ ဝေါဟာရ စစ်ကေ မပါမဖြစ် အရီးပါရေ၊ POS (Part-of-Speech) စနစ်ကိုရာ တဖဲ့ချေတင်ပြခပါမေ၊

POS ဆိုစွာ ဘာသာစကားတခုမာ စကားလုံးတိကို ယင်းရို့ဧ့ သဒ္ဒါပိုင်ဆိုင်ရာ လုပ်ဆောင်ချက် (Grammatical Function) နန့် ဝါကျအထဲ အသုံးပြုပုံရို့အပေါ် မူတည်ပနာ အမျိုးအစားခွဲခြာထားခြင်း ဖြစ်ပါရေ။ နမူနာအားဖြင့်- နာမ် (ခွီး)၊ ကြိယာ(စားရေ) စသည်အားဖြင့် ဝေါဟာရတိကို စုဆောင်းရေခါ POS(Part-of-Speech)(ဝါစင်္ဂအလိုက်) စုစည်းခြင်းမျိုးဖြစ်ပါရေ၊ ဝါစင်္ဂခွဲခြားမှု အားနည်းကေ သဒ္ဒါပိုင်း အားနည်းလားပါရေ၊ သဒ္ဒါအားနည်းလာကေ ယင်းစကားလုံးကို စံတခုနန့် ဝါကျစီဖို့ ခက်လားစီပါရေ၊ ရခိုင်ဝေါဟာရကို စုစည်းထားရေ စာအုပ်အများစုမာ ဝါစင်္ဂစနစ်ကို ထည့်မသွင်းခစွာက နမြောတသဖြစ်မိပါရေ၊

ဘာသာစကားတခုကို လိ့လာရာမာဖြစ်စီ၊ ကွန်ပျူတာနန့် ဘာသာစကားကို ခွဲခြမ်းစိတ်ဖြာရာမာဖြစ်စီ POS စွာ အလွန်အရီးပါရေ။ ဘာသာစကားသစ်တခု သင်ယူသူတိအတွက် စကားလုံးတိကို POS အလိုက် လိ့လာခြင်းက ဝါကျတည်ဆောက်မှု (Sentence Construction) ကို မြန်ဆန်စွာ တတ်ကျွမ်းစီရေ။ နမူနာ - နာမ်ကို နာမ်စားနန့် ဇာပိုင်အထူးပြုရဖို့၊ ကြိယာကို ဝိသေသနနန့် ဇာပိုင်ဖြည့်စွက်ရဖို့ကို သိဟိခြင်းစွာ ဘာသာစကား အသုံးပြုမှုမာ အလွန်အရီးကြီးရေ။

အနှစ်ချုပ်ပြန်သုံးသပ်ရကေ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာသို့ လားကတ်ရေခါ အက္ခရာတည်ဟိမှု၊ စာပီသမိုင်းခိုင်ခန့်မှု၊ စာပီ အမျိုးအစားစုံဟိမှု၊ ဝေါဟာရကြွယ်ဝမှု၊ ဘာသာဗေဒ နိုင်းယှဉ် ခံနိုင်လောက်မှုနန့် မလုံလောက်နိုင်စွာကို တွိ့ရဖို့ ဖြစ်ပါရေ၊ ကမ္ဘာကြီးစွာနိစိုင်ပြောင်းလဲ နီပိုင် ကမ္ဘာကြီးနန့်တတူ ဘာသာဗေဒသီအိုရီတိစွာလေ့ နိစိုင်နန့် အမျှပြောင်းလဲနီစွာကို သတိမှုမိဖို့လိုပါရေ၊ ယင်းပြောင်းလဲမှုကို အခြီခံတည်ဆောက်မှရာလေ့ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာ ပီပြင်လာဖို့ဖြစ်ပါရေ၊ ယေမှရာ ရခိုင်ဘာသာဧ့ ကွက်လပ်တိကို ဖြည့်စွက်ဖို့ ကျောင်းသားတိဧ့ ရခိုင်စာပီဆိုင်ရာစာတမ်းတိ၊ ရခိုင်အဘိဓာန်ကောင်းတိ၊ ရခိုင်စွယ်စုံကျမ်းကောင်းတိ၊ ရခိုင်စာကြည့်တိုက်ကောင်းတိ ပေါ်ထွန်းလာဖို့ဖြစ်ပါရေ၊ ဘာသာစကားတခုဧ စံဆိုစွာ အတင်းစီခိုင်းရရေ အလုပ်မဟုတ်၊ ခေတ်စနစ်နန့် လေ့ မကင်းလားရအောင် ယင်းဘာသာစကားမာ လိုအပ်နီရေ ကွက်လပ်တိကို ဖြည့်စွက်လိုက်ခြင်း ကရာ ပြည့်စုံရေ ဘာသာစကားတခုစွာ မသတ်မှတ်ကေလေ့ စံဖြစ်လာဖို့ပါ၊ ကိုယ်ပိုင်အက္ခရာမဟိ၊ ကိုယ်ပိုင်စာမဟိ လို့ စွပ်စွဲခံခရရေ ၁၉၅၅ ထက်စာကေ နှစ်ပေါင်း(၇၀) ရှိးရခိုင်ပညာသျှင်တိ လုံလကြောင့် ရခိုင်အက္ခရာ၊ ရခိုင်စာစွာ ရုပ်လုံးပေါ်နီပါရာ၊ ကိုယ်ပိုင်အက္ခရာ၊ ကိုယ်ပိုင်စာ ဟိကြောင်းနန့် ရခိုင်စာပီစွာ အဆင့်မနိမ့်ကြောင်းကို သက်သေပြဖို့ ရခိုင်တယောက်ချင်းတိုင်းမာ တာဝန်ဟိပါရေ၊ လိုအပ်နီရေ ကွက်လပ်တိကိုနိုင်ရာက လိုက်ဖြည့်မှရာလဲ ပြီးပြည့်စုံရေ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာဆိုစွာက မားမားမတ်မတ် လက်မှတ်ထောင်နိုင်ဖို့ဖြစ်ပါကြောင်း...။

 

YaThaWinTha

၇-၁၀-၂၀၂၇


[1] မောင်ဗသိန်း,”ရခိုင်စာအရေးအသားနှင့်ပြဿနာများ”,ရခိုင်သားကြီးစာပေ(၁၉၉၆),နှာ-၁၃

[2] ဝေသာ, “သားဆွီးအမင်”,ရခိုင်သားကြီးစာပေ(၂၀၂၆),နှာ-၈-၁၁

[3] ကလောင်စုံ,”ရခိုင်ရွက်ပုန်းသီးသခြင်းတိ(အမှတ်-၁)”,(၁၉၇၁),နှာ-၃

[4] Ibid

[5] ကလောင်စုံ,”ရွက်နုပြန်ချိန်”, ရခိုင်သားကြီးစာပေ(၂၀၀၃),နှာ-၃

[6] မောင်ဗသိမ်း,”ရခိုင်သင်ပုန်းကြီး ဖတ်စာနန့် ဆရာကိုင်”,မျက်ခင်းသစ်စာပီ(၂၀၂၁)

[7] https://en.wikipedia.org/wiki/List_of_ISO_639_language_codes

[8] https://iso639-3.sil.org/code/rki

[9] https://www.internationalphoneticassociation.org/content/full-ipa-chart

[10] https://home.unicode.org/

[11] https://www.unicode.org/versions/

[12] https://www.unicode.org/faq/myanmar.html

[13] https://www.unicode.org/notes/tn11/

မှတ်ချက်။ ဒေဆောင်းပါးစာ (ရခိုင်ဝီကီးပီးဒီးယား တနှစ်ပြည့်အထိမ်းအမှတ်_၂၀၂၅-၂၀၂၆) စာအုပ်မာဖော်ပြီးထားပြီး ဖြစ်ရေ

💬 Comment 0

💬 မှတ်ချက်တိ (0)