YaThaWinTha

BA(Philosophy), MA(Linguistics)

မဂ်လာမကွယ်နီပါ

🕒 2026-10-14 16:56 👁️ 1 ကြည့် 📖 7 မိနစ်

သာလီစွပါ

("မင်္ဂလာတရားတိ ကွယ်နီသရွိ့ "မင်္ဂလာပါ" ကို ဇာခါလည်း မြင်လီဖို့မဟုတ်"

-ရခိုင်ထိပ်တန်းစာရီးဆရာတဦး-)

( "မြန်မာတွေ တွင်ကျယ်စွာ အသုံးပြုနေတဲ့ "မင်္ဂလာပါ" ဆိုတဲ့ စကားစုကို တီထွင်ခဲ့သူမှာ ဖဆပလ အစိုးရခေတ်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦးဖြစ်တဲ့ ဦးထွန်းဖေပဲ ဖြစ်ပါတယ်"

၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအစိုးရက စာသင်ကျောင်းများတွင် နှုတ်ဆက်စာအနေနှင့် အသုံးပြုစေခဲ့သည်။

 (myanmar wikimedia) )

ကိုယ်ပိုင်ဘာသာစကား ဟိရေ၊ လူမျိုးတိုင်းမာ ပဋိသန္တာရ ဆိုရေ၊ နှုတ်ခွန်းဆက်စကား ထားရပါရေ၊ ဒေချင့်စွာ ကိုယ်ပိုင်ဘာသာစကားကိုပြရေပိုင်၊ ယင်းလူမျိုးရို့ဧ ယိုင်ကျေးမူအငွိ့အသက်ကို ထင်ဟပ်စီပါရေ။ 

မြန်မာနိုင်ငံထဲမှာတောင် ချင်းမှာလည်း ချင်းပိုင်နှုတ်ဆက်ရေ၊ ရှမ်းမာလည်းရှမ်းပိုင်နှတ်ဆက်ရေ၊ မွန်မာလည်း မွန်ပိုင်နှတ်ဆက်ရေ၊အစဟိအားဖြင့် သူရို့ဘာသာစကားကို သူရို့ ဂုဏ်ယူစွာနန့် နှတ်ဆက်ကတေ။ ဂုဏ်ယူပါယင့်။

သူရို့တိလည်း ဗုဒ္ဓဘာသာဝင်တိ ဖြစ်ကတ်ပါရေ။ "မင်္ဂလာပါ"လို့ မနှတ်ဆက်တိုင်း သူရို့လည်း မင်္ဂလာ ကွယ်နီလို့မဟုတ်ပါ။ ခွဲထွက်ပြီး ပြောဖို့ ဆန္ဒကြောင့်လည်းမဟုတ်ပါ။ သူရို့ဘာသာစကားနန့် သူ့ရို့ယိုင်ကျေးမူကို ပြသသဘောနန့်နှုတ်ဆက်ခြင်းရာဖြစ်ပါရေ။

ဗုဒ္ဓဘာသာရူဒေါင့်

မင်္ဂလာဆိုစွာ ဗုဒ္ဓဘာသာ ဘာသာရေးစကားလုံးဖြစ်ပါရေ။ 

ဗုဒ္ဓဘာသာကို အခြီချခရေ၊ နီပေါနန့် အိန္ဒိယမာလည်း ဂုထိဟိနီကရေ၊ ဗုဒ္ဓဘာသာတိလည်း "မင်္ဂလာပါ" လို့မနူတ်ဆက်ပဲနန့် သူရို့ဘာသာစကားနန့် ပဋိသန္တာရ သတ်မှတ် ကတ်ရေ။ ​ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတိ ဖြစ်ကတ်တေ- ထိုင်း၊ကမ္ဘောဒီးယား၊ လာအို၊ သီရိလက်ာအပါအဝင် မဟာယန၊ဝဇိရာယန၊တိဘက် အစဟိရေ ဗုဒ္ဓဘာသာနိုင်ငံတိ မှာလည်း "မင်္ဂလာပါ" လို့နုတ်မဆက်ပါ။ သူရို့တိလည်း မင်္ဂလာ ကွယ်နိန်လို့မဟုတ်ပါ။ သူရို့ ဘာသာစကားနန့် လိုက်ရောမူဟိရေ၊အများလက်ခံရေ၊ ဝေါဟာရကိုရွီးပနာ နှုတ်ခွန်းဆက်ကတေ။ ရခိုင်ကျခါမှ သူများ နှုတ်ခွန်းဆက်စကားကို ကိုယ့်ရို့ထဲ မသုံးလို့ မင်္ဂလာ

ကွယ်ဆိုကေလည်း ဇာတတ်နိုင်ပါဖို့လဲ

ဘာသာဘေဒရူဒေါင့်

အသက်၂၀လောက်မှာ ရန်ကုန်ဘက်ရောက်လာရေ၊ တခြားလူမျိုးတိကို ရခိုင်စကားနန့် ပြောကြည့်တလုံးလည်း နားမလည်ကတ်၊ တဝလိ့ကျင့်ပြီးကေ သူရို့တိ စကားနန့် ပြောကြည့် "ဦးဇင်းက ရခိုင်လား၊စကားတော်တော်ဝေးတာပဲ" ယင်းမှတ်ချက် ဒေနိထိလည်းကြားရတုန်း။ အရင်ကတော့ စိတ်ခုချင်ခ၊ ဂုဏ်ယူရဖို့မသိခ။ ယလောက် လုပ်ပြီးကေ ပြောတောင် ရခိုင်ဘာသာစကားဆိုစွာ တန်းသိကေ၊ သေချာရေ၊ ရခိုင်စွာ ကိုယ့်ဘာသာနန့် နိန်စွာ။

ရခိုင်ပြည်တွင်းထဲ တခြားလူမျိုးတိ လာကေတောင်၊ ရခိုင် စကားပြန်တောင် ငှားရဖို့ အဆင့်ပါ။ ယကေလည်းမလိုပါ ရခိုင်တိက သဘောထားကြီးပါရေ။ သူရို့စကားတိနန့်ရာ ကြိုးစားပြီးကေ ပြောပါရေ။

သာလီစွပါ

လွန်ခရေ၊ ၁၀ စုနှစ်ကျော်မာ ရခိုင်ဘာသာ စကားအခြီပြုလို့ "သာလီစွပါ"ဆိုပြီးကေ နှတ်ဆက်လာကတ်ပါ​ရေ၊ ဒေချင့်စွာ ရခိုင်ဘာသာစကားကို အခြီပြုရေ။ ရခိုင်ယိုင်ကျေးမူကို အခြီပြုရေ။ နှုတ်ခွန်းဆက်သမူကို အခြီပြုရေ။ ကိုယ်ပိုင်ဘာသာစကားတစ်ခုအတွက် ကိုယ်ပိုင် နှုတ်ခွန်းဆက်စကား ပြောခြင်းစွာ ဘာသာကွယ်နိန်လို့ မဟုတ်ပိုင်၊တခြား ဘာသာကိုပစ်ပယ်ဖို့တွက်လည်း မဟုတ်ပါ။ ဘာသာရေးစကားလုံးပါမှ ရခိုင်ကိုဘုရားသျှင်ကြွစွာကို မြင်စီချင်ကေလည်း ဇာဘာသာစကားမှာလည်း မထည့်ရသိမ့်ရေ"နမောတဿ ဘဂဝတော" ဆိုနှတ်ဆက်ကတ်ပါ။ ယကေတော့ခါ ရခိုင်စွာ ကိုယ်ပိုင်ဘာသာနန့် နှတ်ခွန်းဆက်စကား ဟိရေလို့ မြင်ကတ်ပါလိ့မေ၊

ယကေလည်း ရခိုင်သူ/ရခိုင်သား အများစုလက်ခံဖို့တော့လို့ပါဖို့သိမ့်။

သာလီစွပါ နှုတ်ဆက်တိုင်း မင်္ဂလာ ကွယ်နိန်ခြင်းမဟုတ်ပါ။ တခြား ဘာသာစကားတစ်ခုက အသုံးပြုပြီးသား ဝေါဟာရ တစ်ခုကို နောက်ဘာသာစကားတစ်ခုမှာ ပဋိသန္တာရအဖြစ် သတ်မှတ်ဖို့ဆိုစွာက မဖြစ်နိုင်ပါ။ ယပြီးကေ ဇာသာဘာစကားမာမှ ပဋိသန္တာရ(နှုတ်ခွန်းဆက်စကား)ကို နှစ်လုံးမသတ်မှတ်ကတ်ပါ။ သမိုင်းကိုမလှန်ပြပါကေ့၊ လူငယ်တိ ယလောက်စာဖတ်ချိန် မရပါ။ 

ကိုယ့်ပိုင်ဘာသာစကား ဟိကြောင်းနန့် သာလီစွပါ လို့နှတ်ဆက်စွာ လေးနက်ရေလို့ခံယူကေ ရပါရာ။

သာလီစွပါလို့ ကိုယ်ပိုင်ဘာသာစကားနန့် နှုတ်ခွန်းဆက် ရစွာကို ပါးစပ်အရသာတွိ့ပါရေ။ 

"အားလုံးသာလီစွပါ"

💬 Comment 0

💬 မှတ်ချက်တိ (0)