YaThaWinTha

BA(Philosophy), MA(Linguistics)

အတူတူတွန်းကေ ဇာအရာမဆိုရွီ့ရေ

🕒 2026-10-14 17:10 👁️ 1 ကြည့် 📖 6 မိနစ်
ဒေနိနန့်ဆိုကေ ရခိုင်ဝီကီးပီးဒီးယား ရွှင့်တင်ဖြစ်ခစော် ၇လကျော်လာပါရာ။
ရွှင်တင်တုန်းက ဆောင်းပါး ၁၀၀၀ နီးပါးပါ၊ ဂု ၁,၁၄၆ ဆိုကေ ၇လအတွင်း ဆောင်းပါး ၂၀၀ တောင်တိုးမလာပါ၊
တဖက်ကလေ့ Page ကလေ့ တင်စရာ ယှာမရခါ Post တိကောင်းမတင်ဖြစ်ပါ၊ မတင်ကေ Page သီဖို့ အဆင့်ထိ နီးကတ်လာရေ၊ ယင့်ဇုနန့် လက်ဟိတင်ဖို့ လျာထားရေ စာရင်းထဲက ပုံတိကို Video တိနန့် Reels တင်ဖြစ်ခပါရေ၊
ရခိုင်ထင်ယှား ဆရာတော်များ ဗီဒီယိုဖိုင်မှာ Video Edit လုပ်နီရင်း ငွေသဇင်နန့် ဂဝေသီကို နာမည်မှားတပ်မိစွာ သတိမထားမိပါ၊ ယင့်အတွက်လည်း အားနုန်းကို လေးလေးစားစားနန့် တောင်းပန်ပါရေ၊
ဆရာတော်တစ်ပါးက အသိပီးခါမှ သတိထားမိစွာပါ၊ သိသိချင်း ဗီဒီယိုဖိုင် အထက်မှာ ပြင်ဆင်ဖတ်ရှုပေးပါရန်လို့ စာကိုပြင်လိုက်ပါရေ၊
နောက်ထပ် User တစ်ယောက်က ဂုချက်ချင်းပြင်ပီးဖို့ ထပ်တောင်းဆိုလာအတွက် ဗီဒီယိုဖိုင်ဆိုခါ Edit လုပ်နာ အသစ်တင်မှ ရရေ သဘောပါ၊ ယင့်ဇုနန့်ချက်ချင်းဖျက်ပီးလိုက်ပါရေ၊
အားလုံးအကြံပြုပီး၊ အကြံပီးကတ်တွက်လေ့ကျေးဇူးတင်ပါရေ၊
တစ်ခုတောင်းဆိုချင်စွာက ဝင်မကူချင်ကေ ရပါရေ၊ တိုးတက်စီလိုလူတိ ဝင်လုပ်ကတ်ပါလိ့မေ၊ ဒေချင့်စွာသည် အနာဂါတ်မျိုးဆက်ထိပါ လက်ဆန့်ကမ်းလားရဖို့ စွာပါ၊ အမှားချေ တစ်ခုတွိ့စွာနန့် Post တင်ပြီးကေတော့ အကျယ်မချေ့ကတ်ပါကေ့၊ Page Messenger ကို ၂၄ နာရီလုံးဖွင့်ထားပါရေ၊ ဒေဝီးကီးတစ်ခု ခရီးရောက် စီလိုရေဆန္ဒဟိကေ ကြိုက်ရေအချိန် အကြံလာပြုလို့ ရပိုင် ဆွီးနွီးလို့ရပါရေ၊ ပြင်ပီးဖို့ အသင့်ဟိနီပါရေ၊
တခြားတိုင်းရင်းသား Wiki တိထက်စာကေ ဆောင်းပါးက ကောင်းကောင်းနည်းနီရေ ရာခိုင်နုန်းအဆင့်လို့ ပြောလို့ ရပါရေ၊ ဝင်ရီးလူတိက နည်းပါရေ၊ လုပ်ကတ်ပါ၊ ကောင်းပါရေ၊ မှားနီရေ၊ အားပီးနီပါရေ ယင်းပိုင်စွာက များနီပါရေ၊
ကြီးမားရေ အကြောင်းအရာကို ဝင်မရီးနိုင်ကေတောင် --
ရခိုင်အခေါ်အဝေါနန့် ငါး,ငှက်,ကြောင်,နွား,အစဟိရေ မျိုးစစ်နာမည်တိကို ရီးစွာဖြစ်ဖြစ်ဖြစ်၊ စာအုပ်တအုပ်ကောက်ကိုင်လိုက်လို့ ဆောင်းပါတစ်ပုဒ်ကောက်ဖတ်လိုက်လို့ ဒေအကြောင်းစွာ ရခိုင်ဝီကီးမာ ဟိရာလား၊ မဟိသိမ့်ကေ နောက်မျိုးဆက်တိ ဖတ်လို့ရအောင် ထည့်ထားပစ်ခမေဆိုရေ အတွေးနန့် ထည့်ပစ်ခကေ ဒေစွယ်စုံကျမ်းက ပိုပြီးကေ ပြည့်စုံလာဖို့ ဖြစ်ပါရေ၊
ဒေစာလုံးချေက မှားနီရေ၊ ဝီကီးဆောင်းပါးတစ်ခုကို ဖတ်နီရင်း ဝေါဟာရမှားနီစွာတွိ့ရေ၊ အချက်အလက်မစုံသိမ့်စွာ တွိ့ရေ၊ ဒေချင့် မှားနီရေ၊ ဒေချင့် ငါဝင်ဖြည့်ပစ်ခမေ ဆိုရေ သဘောနန့် ဝင်ပြင်ပစ်ခကေ ပြင်ဆင်ကြိမ်များလာကေ ပိုပြည့်စုံလာပါရေ၊ လက်ဟိ ဆောင်းပါး ၁,၁၄၆ မာ ပြင်ဆင်မှုပေါင်း ၁၇,၄၄၀ ဟိပါရေ၊ မှားနီဖို့ ကြောက်ကေ ဝီးကီးတောင်ဖြစ်လာဖို့ မဟုတ်ပါ၊
ဒေချင့်စွာ ဝီကီးပီးဒီးယား အနှစ်သာရပါ၊ အားလုံးဝီးကီးပီးယားတိုင်း ယင်းသဘောနန့် လားကတ်စွာပါ၊

ဇာဝီကီးမှာမှလည်း လစာယူ၊ ဒေါ်လာစားပီးကေ ကူညီနီကရေ ဝီးကီးပီးဒီယန်းတစ်ယောက်လေ့ မဟိပါ၊ အားရေအချိန်မာ ကိုယ်ဘာသာစကား ဝီကီးကို ကိုယ်ဝင်မရီးကေ ဇာသူက ရီးဖို့လေ့ ဆိုရေ၊ အတွေးဟိလူတိုင်း လာပြီးကေ Edit ဝင်ပြင်ပီးကတ်စွာပါ၊ စာလုံးချေတစ်လုံး ဝင်ပြင်ပီးခစွာတောင် နောက်မျိုးဆက်တိအတွက် အထောက်အကူဖြစ်စီပါရေ၊ ဝင်မကူကေ ဆောင်းပါးမတက်ပါ၊ ဆောင်းပါးမတက်ကေ ဇာဖြစ်ပါဖို့လေ့။ တစ်ခုလေ့မဖြစ်ပါ၊ ရခိုင်နန့်ဆိုင်ရာ အချက်အလက် ထပ်ရှားပါးဖြစ်ရုံ ဟိပါဖို့။ တခြားတိုင်းရင်းသားဝီကီးတိ ဝင်ကြည့်ကြည့်ပါ၊ ဆောင်းပါးတိ ဇာလောက်ဟိလေ့။ ပြီးကေ ဇာပိုင်လည်ပတ်လည်းပါ မီးကြည့်ခပါ၊
ရှိဆက်လားကတ်ပါမေ၊ အပြုသဘောဆောင် တွန်းကတ်ပါမေ၊
💬 Comment 0

💬 မှတ်ချက်တိ (0)