YaThaWinTha

BA(Philosophy), MA(Linguistics)

ရခိုင်စာပီအတွက် ကြယ်တပွင့်ထွန်းထောက်ခြင်း

🕒 2026-10-14 16:51 👁️ 2 ကြည့် 📖 7 မိနစ်

''ကျောင်းစရိတ်အတွက် ဖေသာလည်းကုန် လူလေ့ပင်ပန်း လုပ်ဖို့ကေ ကိုယ့်စာပီ တွက်ရာ စာတမ်းလုပ်ဖို့ရာလေ့။ ဇာလို့ သူများစာပီတိအတွက် ဖေသာကုန်ခံ။ လူပန်ပင်းခံနီဖို့လဲ"

         ==ဒေါက်တာယသဓမ္မ==

ရခိုင်စာပီဆိုင်ရာ စာတမ်းတစ်စောင်ထွက်ဖို့ ရွှေလောက်ရှားရေခေတ်မှာ ဒေါက်တာဘွဲ့ကို ရခိုင်စာပီနန့်  ပြီးစီးအောင်လုပ်ပီးနိုင်ခအတွက် လေးစားဂုဏ်ယူမိပါရေ အသျှင်ဘုရား။

ရခိုင်စာပီနန့် ဒေါက်တာ ဘွဲ့ ။ မာစတာဘွဲ့ တိတော့တော့ မြန်မာနိုင်ငံဖက်မာ အသင့်အတင့်ဟိပြီးရာထင်ပါရေ။ ဆရာဇော်၀င်းနိုင်ရို့ ဆရာမ စန္ဒာဌေးရို့ အစဟိသဖြင့် ပေါ်ထွက်ခကတ်ရာပါ။ ယကေလည်း လက်ချိုး ရွီတွက်ကေ လက်တဖက်စာတောင် မပြည့်သိမ့်ပါ။ အဂ်လိပ်ဘာသာ နန့်တော့ခါ ရခိုင်စာပီကို ဒေါက်တာဘွဲ့ထိ ရအောင် ကြိုးစားပီးနိုင်ခစွာ အသျှင်ဘုရားစွာ #ပထမဆုံးပုဂ္ဂိုလ် ဖြစ်လားရေအတွက် ပိုပြီးကေတောင် ဂုဏ်ယူမိပါရေ။

စကားစပ်မိလို့ တဖဲ့ချေ ဟခပါမေ-

စာတမ်းတစ်ခု၏ အရေးပါမူကိုပါ။ မြန်မာနိုင်ငံဖက်မာတော့ မပြောတတ်ပါ။ ပြည်ပမှာ Arakan language နန့် စာတမ်းရီးဖို့လို့ ခေါင်းစိုင်တင်လိုက်ကေ 

  1. Arakan language ဆိုစွာဇာလဲ။ 
  2. ယင့်ချင့်စွာ ဘာသာစကား တစ်ခုလား။ 
  3. ဆရာတိ အင်တာနက်မာ လိုက်ရှာ။ 
  4. အဂ်လိပ်ပိုင်မိတ်ဆက်ထား အစအနချေတွိ့။ 

ဟုတ်ရာ။ ယကေ Arakan Language ကို ပြုစုထားရေ။ စာတမ်းတိဟိလား။ အနည်းဆုံးငါးအုပ်လောက်ပြနိုင်လား။

ဒေမေးခွန်းတိစွာ လွန်ခရေ လေးနှစ်အကျော်က အမေးခံရဆုံး မေးခွန်းတစ်ခုဖြစ်ပါရေ။

ယင်းမေးခွန်းကို မကျော်နိုင်လို့ လက်လျော့လားရကျောင်းသားတိလေ့ အများကြီးပါ။

ဘွဲ့ယူစာတမ်း ငါးအုပ် အဆန်းလုပ်လို့ ထင်ကောင်းထင်ကတ်ပါလိ့မေ။ 

အဂ်လိပ်ပိုင် ရီးထားရေ ရခိုင်ဘွဲ့ယူစာတမ်း ၃အုပ်မပြည့်ပါ။ ထိုင်းကျောင်းသား ရီးထား M.A စာတမ်းတခု။ ဘဂ်လားဒေ့ရ် ကျောင်းသား M.A တခု။ 

ပြင်ပမာဆိုကေ ဆရာတော်စန္ဒမုနိ ပုံနှိပ်တအုပ်။

ယင့်တွက်ကြောင့်လေ့ ရခိုင်ဘာသာ နန့် စာတမ်းရီးကေ အညစ်ခံရတွက် ရီးဖို့ လက်တွန့်ကတ်ပါရေ။

မရီးလို့ စာတမ်းမဟိ။ စာတမ်းမဟိလို့ မရီးနန့်

မုန့်လုံးစက္ခူကပ်နီကတ်ပါရေ။

ယကေလေ့သော့ ဖြစ်ရေနည်းနန့်  မြန်မာပြည်ထဲက မြန်မာဘာသာနန့် ရီးထားရေ ရခိုင်စာပီနန့် စာတမ်းတိကိုစုပြီးကေ လိုအပ်ရေ အချက်တိ အဂ်လိပ်ဘာသာပြန်ပနာ  လက်ဟိ ရခိုင်စာပီနန့် ဒေါက်တာလုပ်နီရေ အသျှင်ဘုရား ကောသလ္လရို့ ဂုအသျှင်ဘုရား ယသဓမ္မ ရို့ လုံးလတိကြောင့် ရခိုင်စာပီနန့် အဂ်လိပ်ပိုင် M.A စာတမ်းတိလေ့ အရင်နှစ်က ပေါ်ထွက်ပြီးခကတ်ရာပါ။ ယင်းအတွက်လည်း နှစ်ပါးလုံးကို ဂါရ၀ပြုပါရေ။

ဂနိ တက္ကသိုလ်မာ ရခိုင်စာပီနန့်  စာတမ်းတင်ကေ့

ဇာအကြောင်းအရာကို အခြီခံဖို့လဲလို့ မေးခွန်းပြောင်းလားခပါရာ။ အရင်ပိုင်လည်း အမေးမခံရ။အညစ်မခံရ ပါရာ။ ယင်းချင့်တိစွာသည် စာတမ်းအစ ပေါ်လားလို့ ဖြစ်ပါရေ။ လက်ဟိစရင်းပြုစုကြေ့ကေ-

  1. ရခိုင်မွီးစပ်စကားလုံးနန့် ရင်းမြစ် (ပြီး) (ယသဓမ္မ)
  2. ရခိုင်ဝေါဟာရအမျိုးအစား(ပြီး) (ရဲလင်းမြတ်)
  3. ရခိုင်စကားလုံးဖွဲ့စည်းမူ(ပြီး) (ကောသလ္လ)
  4. ရခိုင်စကားသံလေ့လာမူ-ဗျည်း-သရ (ပြီး) (ဓမ္မပါလ)
  5. ဗုဒ္ဓစာပီထဲကရခိုင် ဝေါဟာရ(လုပ်ဆဲ) (ကောသလ္လ)
  6. ရခိုင်သဒ္ဒါဆိုင်ရာစကားလုံး( လုပ်ဆဲ) (ယသ၀ံသ)
  7. ရခိုင်အသံထွက်စနစ်လေ့လာချက်( လုပ်ဆဲ) (ဣန္ဒက)

ယင့်ချင့်တိစွာသည်  ဒေ သုံးလေးနှစ်တာ ကာလအတွင်း ရခိုင်စာပီကို အဂ်လိပ်ဘာနန့် ပြန် နလန်ထူနိုင်ဖို့ အခြီပြုနီရေ။ ခြီလှန်းတိ ဖြစ်ပါရေ။

ယင့်ချင့်အပြင် သင်ကြားရီးဖက်မာလေ့

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်က ဆရာ၊ ဆရာမတိ အင်္ဂလိပ်စာသင်ကြားရာမာ ကြုံတွိ့ရရေ စိန်ခေါ်မှုတိကို စုံစမ်းစစ်ဆီးခြင်း (ပြီး) ၀ီရိယ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ဟိ အစိုးရအထက်တန်းကျောင်းတိက ဆရာ၊ ဆရာမတိ၏ အင်္ဂလိပ်စာသင်ကြားမှုပြဿနာတိကို ခွဲခြမ်းစိတ်ဖြာလိ့လာခြင်း(ပြီး)( သာဂရ)

စစ်တွေတက္ကသိုလ်က ဘီအေကျောင်းသားတိ၏ အများပြည်သူရှိမှောက်မာ စကားပြောဆိုရာမာ ပြဿနာတိ (ပြီး) (သုဇန)

ဒေပိုင် အဖိုးတန်ရေ စာတမ်းတိလည်း ပိုထွက်လာကတ်တွက် လေးစားဂုဏ်ယူဖို့ကောင်းပါရေ။ ဒေထက်မကလေ့ ပိုထွက်လာကတ်ဖို့ ဆန္ဒပြုပါရေ။

ယင့်ထဲကမှ အခက်အခဲ အများကြီးကို နန်းချေပြီးကေ ပထမဆုံး အဂ်လိပ်ဘာသာနန့် ရခိုင်စာပီ ဒေါက်တာဘွဲ့  ရယူဖို့ အသျှင်ဘုရား ယသဓမ္မ ကိုလေးစား ဂုဏ်ယူဦးညွတ်ရင်း ဂုဏ်ပြုလိုက်ပါရေဘုရား။

💬 Comment 0

💬 မှတ်ချက်တိ (0)