ဖီလပိုင် ခရီးနန့် ရခိုင်ဝီကီးပီးဒီးယားခရီးရှည်
ကျနော်လူငယ်တယောက်ပါ၊ လူငယ်ပီပီ လူငယ်မာနတချို့ဟိနီရေ သာမာန်ရခိုင် လူငယ်တယောက်ဆိုကေ ပိုမှန်ပါရေ၊ ၂၀၁၀ ဝန်းကျင် အင်တာနက်စသုံးချိန် အင်တာနက်မာ အရင်ဆုံးလိုက်ရှာကြည့်ဖြစ်စွာက “ရခိုင်ပြည်အကြောင်း” ဇာဟိလည်း ဆိုရေအချက်တိပါ။ ထွီထွီထူးထူး “ရခိုင်ပြည်အကြောင်း” များများစားစား မတွိ့ရပါ၊ “ဇာကြောင့်လဲ”ဆိုရေ မေးခွန်းက ယင်းခါကပင် သန္ဓေတည်ခ ထင်ပါရေ၊ ယင့်ဇုနန့် “ရခိုင်ပြည်အကြောင်း” အထောက်အကူ ဖြစ်ပါစီကြောင်း ယင်းခေတ်ခါက ခေတ်စားနီရေ ဘလော့ခရီးကို ရသမျှ ရခိုင်ပြည်အကြောင်းကို ယှာပြီးကေ စတင်ခပါရေ၊ ၂၀၁၅ လောက်မာ ဘလော့ခေတ်ကုန်လာရေအတွက် နောက်ထပ်နာမည်ကြီးလာရေ၊ Wikipedia ဖက်လှည့်ဖြစ်ပါရေ၊ မြန်မာဘာသာနန့်လေ့ ဖတ်လို့ရရေ၊ ဒေတာလည်းစုံရေဆိုခါ ပိုသဘောတွိ့ပါရေ၊ ရခိုင်အကြောင်းလည်း မြန်မာဘာသာနန့် ရီးလို့ရရေလို့ ပြောသင်ကြားခါ ၂၀၁၆ မာ အကောက်ဖွင့်ပြီး ရခိုင်အကြောင်းရီးဖို့ ကြိုးစားပါရေ၊ ရီးသမျှပယ်ချပါရေ၊ ဝီးကီးစနစ်ကို မရင်းနီးရေခါမာ ဇာကြောင့်လဲဆိုရေ ကိုယ့်ကို မေးရင်းနန့်ရာ ရပ်တန့်ထားလိုက်ပါရေ၊
၂၀၁၉ လောက်မာ ဝီကီးစနစ်ကို ပြန်လေ့လာဖြစ်ရေ၊ ဘလော့မာတုန်းကပိုင် ရသမျှလိုက်ရီးရရေ ပုံစံမျိုးမဟုတ်ပဲ၊ Wikipedia ဆိုစွာစွယ်စုံကျမ်းတခု စွယ်စုံကျမ်းနန့် ကိုက်ညီရေ ဆောင်းပါးမှရာ စနစ်တကျ ထည့်သွင်းရရေစနစ်၊ မြန်မာဘာသာရို့ပိုင် ကိုယ်ရို့ ဘာသာစကားနန့်လည်း ရွင့်တင်နိုင်ကြောင်း သိလာရပါရေ၊ ယင်းခါပိုအားတက်လာပြီးကေ ဇာလို့ ရခိုင်ဘာသာနန့် စွယ်စုံကျမ်းတခု မဟိရဖို့လဲဆိုရေ မာနချေနန့် ရနိုင်သမျှ ရခိုင်အဘိဓာန်တိကိုစုပနာ အဂ်လိပ်က ရခိုင်ဘာသာသို့ ဘာသာပြန်ပီးရဖို့ဖြစ်လာပါရေ၊ ရင်းနှီးရေ အတန်းဖော်တိကို တခန်းချင်း ဝင်ရှင်းပြ သဘောပေါက်လာရေခါ နည်းပညာစကားလုံးတိကိုအရင် ရခိုင်ဘာသာသို့စပြန်ကတ်ပါရေ။ စကားလုံး ၄၀၀၀ လောက်ဘာသာပြန်ပြီးကတ်ရေခါ ၄-၁၀-၂၀၂၂ မာ Wikipedia ထဲမာ ရခိုင်ဘာသာပါဝင်လိုကြောင်း လျှောက်ထားလိုက်ပါရေ၊ ယင်းနီစွာ ရခိုင်ဝီကီးပီးဒီးယားဧ့ ခရီးရှည် အစဖြစ်ပါရေ၊
၂၀၂၅ ဆိုကေ လေးနှစ်ထိ ဝင်လာပါရာ၊ ပုံမှန်တိုင်း ဆောင်းပါတိရီး၊ ဘာသာပြန်၊ တမ်းပလက်ရီး Workshop တိလုပ် နန့် ရခိုင်ဝီကီးပီးဒီးယားရွင့်တင်နိုင်ဖို့ရက်က ဇာနိမှန်း မသိရသိမ့်။ မမျော်လင့်ပဲ ဖိတ်စာ တဆောင်ရောက်လာပါရေ၊ Wikipedia က မေလ (၂၂) ရက်နိ ဖီလပိုင်မာ ကျင့်ပဖို့ဖြစ်တေ ESEAP Strategy Summit ကို ရခိုင်ဝီကီးပီးဒီးယားကိုယ်စား တက်ရောက်ဖို့ ဖိတ်လာပါရေ၊ လမ်းစရိတ်၊စားစရိတ် အကုန်အခမဲ့ ဆိုခါ ရိုးရိုးချေလားတက်လိုက်မေ ဆိုအတွေးနန့် ရခိုင်ဝီကီးပီးဒီးယား နာမည်ကို ထမ်းပြီးကေ ဖီလပိုင်ကို ခရီးဆက်ခပါရေ၊
ဖီလပိုင်ကို ရောက်လို့ ပထမနိမာတင် ပခုံးမာထမ်းလာရေ ရခိုင်ဝီကီးပီးဒီးယား နာမည်စွာ ပေါ့ပေါ့ချေ မဟုတ်ကြောင်း သိလိုက်ရရေခါ ပခုံးတဖက် ယိုင်လဲချင်ချင် ဖြစ်လားပါရေ။ ဇာကြောင့်လေ့ဆိုကေ ESEAP Strategy Summit ဆိုစွာ အရှိ့အာရှ၊ အရှိ့တောင်အာရှနန့် ပစိဖိတ်ဒေသ ဟိ ဝီကီးပီးဒီးယားနန့် ဝီကီးမီဒီယာ အသိုင်းအဝိုင်း (Wikimedia affiliates) တိအတွက် ကျင်းပရေ အစည်းအဝေးကြီးတစ်ခု ဖြစ်နီပါရေ။ အရင်ကထင်ထားပိုင် Wikipedia ဆိုစွာ ဒေတိုင်း ဝင်ရောက် ရီးနီကတ်စွာလို့ ထင်ခကေလည်း တကယ့်လက်တွိ့မာက ယင်းထက်ပိုပါရေ၊ တကမ္ဘာလုံးဟိ ဘာသာစကားတိကို အုပ်စုဖွဲ့လိုက်ရေ၊ မြန်မာနိုင်ငံစွာ အရှိတောင်အာရှမာ ပါဝင်တွက် ESEAP အုပ်စုထဲပါပါရေ၊ အရှိ့အာရှ၊ အရှိ့တောင်အာရှနန့် ပစိဖိတ်ဒေသ တွင်းမာဟိရေ ဘာသာစကားတိကို အတည်ပြုစစ်ဆေးဖို့နန့် Wikipedia အတည်ပြု စီမံဖို့က သူရို့တိနန့် တိုက်ရိုက်သက်ဆိုင်နီပါရေ၊ ရခိုင်ဘာသာစွာလည်း အရှိတောင်အာရှထဲက ဘာသာစကားတခု ဖြစ်တွက်နန့် သူရို့တိနန့် ကင်းကွာလို့ မရပါ၊ ဂုအစည်းအဝေးကလည်း စည်းမျည်းတိပြင်ပနာ သုံးသပ်ရီးနန့် ESEAP ထဲက ဝီကီးတိ ဇာပိုင် လည်ပတ်နီကတ်ကြောင်း နှီးနောဖလှယ်ပွဲဖြစ်ပါရေ၊ နိုင်ငံကိုယ်စားပြု ၂၁ နိုင်ငံတက်ရောက်ပြီးကေ ဘာသာစကားကိုယ်စားပြုနန့် ပါဆိုကေ ၈၇ ယောက်တက်ရောက်ကတ်ပါရေ။
ရခိုင်ဝီကီးပီးဒီးယား ဇာခါရွှင့်တင်နိုင်ဖို့လေ့ အားငယ်နီချိန်မာ ၇၈ ခုသော ဘာသာစကားဆိုင်ရင် ဝီကီးတိက သူရို့ ဝီကီးတိမာ မန်ဘာ ဇာလောက်ဟိကြောင်း၊ ဇာလောက်ထိပါဝင်ရီးနီကတ်ကြောင်း၊ ဆောင်းပါးအရီအတွက် ဇာလောက်ဟိကြောင်း၊ တက္ကသိုလ်တိ ကျောင်းတိမာ ဇာပိုင် Workshop လုပ်ပီးနီကြောင်း၊ တချို့ဝီကီးတိဆိုကေ အစိုးရပညာရပ်တိမာ ဝီကီးကို ဇာပိုင်ထည့်သင်ကတ်ကြောင်း အသီးသီး တင်ဆွီးနွီးကတ်တေ၊ နောက်နှစ်တိမာ ဇာပလင်တိဟိကြောင်း ဇာပိုင်လားသင့်ကြောင်း အဖြေရှာ ကတ်တေ၊ တဖက်ကကြည့်ကေ ကောင်းပျော်ဖို့ကောင်းရေ ကမ္ဘာ့အိမ်ထဲ မိသားစုချေတိပါ၊ ဇာပဲဖြစ်ဖြစ် ရခိုင်ဝီကီးပီးဒီးယား မရွင့်တင်နိုင်သိမ့်ကေလေ့၊ နွီးနွီးထွီးထွီးကြိုဆိုပီးကတ်တွက် ကျေးဇုတင်မိပါရေ၊ ရခိုင်ဝီကီးပီးဒီးယားကို ဇာတိလုပ်သင့်ကြောင်း အကြံပြုပီးကတ်တေ၊ အော် အများကြီး လုပ်စရာတိ ဟိသိမ့်ကားဆိုရေ အတွေးက စိတ်ကူးနန့်အတူ ငါလုပ်နိုင်ဖို့လားဆိုရေ အတွေးက ပူတွဲပါလာရေ၊
သုံးရက်တာဆွီးနွီးပြီးလို့ ၂၄ ရက်နိ ပွဲပြီးရေခါမာလေ့ ဝီးကီးတိက နောက်နှစ် ငရို့နိုင်ငံမာ ကျင့်ပဖို့ သူရို့နိုင်ငံမာကျင့်ပဖို့နန့် လုကတ်ပြန်ရေ၊ အားကျဖို့ကောင်းစွာမာ၊ ပွဲကျင်းပရေ သဘောက ESEAP အစည်းအဝေးကို နှစ်စဉ် တနှစ်တကြိမ် ကျင့်ပဖို့ နောက်နှစ်ကျင့်ပချင်ရေ ဝီးကီးကိုယ်စားပြု နိုင်ငံက ယင်းနောက်ဆုံးနိမာ စရင်းပီး အတည်ပြုရရေ၊ ကျင်းပရေ နိုင်ငံက တက်ရောက်လာလူတိ ကုန်ကျစရိတ်ကို ယင်းနိုင်ငံ သို့မဟုတ် ဝီကီးအဖွဲ့က ရှင်းပီးရရေ၊ နောက်နှစ်အတွက် အတွက် ထိုင်ဝမ်က ရဟိလားရေ၊ ၂၀၂၆ တော့ ထိုင်ဝမ်မာ လုပ်ဖြစ်လီပါဖို့။ ထူးခြားစွာ တခုပြောပါဆိုကေ တက်ရောက်လာရေ ကိုယ်စားပြုဝီကီးပီးဒီးယန်း တိစွာသည် လူငယ်ပိုင်းတိကြေး ဖြစ်နီပါရေ၊ သူရို့လေ့ ကိုယ်ရို့ပိုင် ဇာလို့လဲဆိုရေ မာနကို ဆွဲကိုင်ထားရေ လူငယ်တိ ဖြစ်နီကတ်လီဖို့လား တွေးမိပါယင့်။
ကံကောင်းထောက်မစွာနန့် ၂၉-၈-၂၀၂၅ မာ ရခိုင်ဝီးကီးပီးဒီးယားကို အောင်အောင်မြင်မြင် ရွင့်ထူးနိုင်ခပါရေ။ အေချင့်သည် ရခိုင်ဘာသာစကားဧ့ အောင်ပွဲပါ၊ ရခိုင်လူမျိုးရို့ဧ့ ဂုဏ်သိက္ခာပါ။
ရခိုင်ဝီးကီးပီးဒီးယားစွာ ငါနန့် မဆိုင်လို့တွေးကေ ဇာသူနန့်လည်းမဆိုင်ပါ၊ ငါနန့်လည်းဆိုင်ရေ လို့တွေးကေ ရခိုင်တမျိုးသားလုံးနန့် သက်ဆိုင်ပါရေ၊ မွန်ဝီးကီးမာ ရခိုင်တိဝင်ရီးဖို့ မဟုတ်ပိုင်၊ ရခိုင်ဝီကီးမာလည်း မွန်တိလာရီး လီဖို့ မဟုတ်ပါ၊ ဝီကီးဧ့ ဆောင်ပုဒ်ကလည်း ကိုယ့်ဝီကီးကို ကိုယ်တည်ဆောက်ပါ၊ ၂၉-၈-၂၀၂၆ ဆိုကေ ဝီကီးပီးဒီးယား တနှစ်ပြည့်ပါရာ၊ ရွှင့်တင်ကတည်းကတိုင်း ဆောင်းပါး နှစ်ထောင်တောင် မပြည့်နိုင်သိမ့်၊ သူများဝီကီးတိကို ပုခုံးချင်းယှဉ်ဖို့ထားဦး အသက်မထွက်အောင် မနည်းရုန်းကန်နီရဆဲ။ စွယ်စုံကျမ်း ဖြစ်သည့်အလျောက်ရီးစရာတိက အများကြီး လာရီးလူက ဂုထိ ရှားနီတုန်း၊ ဂုထိလေ့ မျက်နှာငယ်နီရတုန်း။
နိဂုံးချုပ်ရကေ ဝီးကီးဆိုစွာ ဟိုလူရီးနီစွာ ဒေလူရီးနီစွာဆိုပြီး ပုဂ္ဂလဓိဋာန်နန့် ရီးနီကတ်ခြင်းမျိုး မဟုတ်ပိုင်၊ လစာယူပြီးကေ ရီးနီကတ်လူတိလည်း ဝီကီးမာ မဟိပါ၊ ကိုယ့်ဘာသာစကားတခုကို လူဝင်ဆန့်ဖို့ ကမ္ဘာအလည်မာ မကျန်ခဖို့ အိတ်စိုက်ပြီး မာနချေတခွဲသားနန့် လုံးလစိုက်နီကတ်တေ လူတိရာ ဖြစ်ပါရေ။ ငါရို့ဘာသာစကားကားယေက ဆိုရေ မာနချေကို ဆွဲကိုင်ထားသမျှ ရခိုင်ဝီကီးပီးဒီးယား ခရီးရှည်ကလေ့ လှပနီကတ်ဖို့ ဖြစ်ပါရေ၊ ရခိုင်ဝီကီးပီးဒီးယား တနှစ်ပြည့်ကို ဂုဏ်ပြုကြိုဆိုပါရေ၊ နှစ်နှစ်ပြည့်မာ ဆောင်းပါး ၁သိန်းပြည့်ပါစီဖို့ ဆုတောင်းပါရေ၊ မျိုးဆက် အဆက်ဆက် ရခိုင်ဝီကီးပီးဒီးယားကို သယ်ဆောင်လားနိုင်ကတ်ပါစီ။
YaThaWinTha
7/11/2026
💬 မှတ်ချက်တိ (0)