သာလီစွပါ---
ဝီကီပီဒီးယာစွာမြန်မာနိုင်ငံထဲကအုပ်စုဝင် ဘာသာစကားတိဖြစ်တေ Burmese,Kachin,Kayah,Karen,Chin,Mon,Rakhine(Arakan),Shan စရေ ဘာသာစကားကို ခွင့်ပြုထားစွာကိုတွိ့ရပါရေ။ ယေကေလည်းသော Burmese, Shan, Mon, Pa'O ဒေလေးဘာသာရာ လိုင်းထက်ကိုရောက်လာနိုင်ပါသိမ်းရေ။ ဒေပိုင်ဘာသာစကား လွင့်တင်နိုင်ဖို့ဆိုကေ ယင်းဘာသာစကားနဲ့ဆက်စပ်ရေ လူတိက ဝိုင်းရံပြုလုပ်မှကေ ရောက်နိုင်စာပါ။ မဟုတ်ကေ၊ ဒေတိုင်းပနီ ဒေအတိုင်းယာဟိနီပါဖို့။
ရခိုင်ဘာသာကို ဝီကီမှာ စမ်းသပ်ပရောဂျက် ဖွင့်ပီးထားစာ 10-2010 ကပင်ပါ။ ၁၃နှစ်ဟိပါယာ။ ဒေနိထိ ရခိုင်ဘာသာပြန်စကားလုံး၊ ရခိုင်ဘာသာစကားဆောင်းပါးရေ ၁၀၀၀ မပြည့်နိုင်ပါသိမ်း။
ရခိုင်ဘာသာစကားနန့် ဝီကီစာမျက်နှာ လိုင်းထက်ကို ရောက်လာစီချင်ကေ အောက်က အချက်တိတိုင်းလုပ်ဆောင်ရပါဖို့။
၁။ MediaWiki interface
MediaWiki interface ကို ဘာသာပြန်ဆိုထားပြီး ဖြစ်ရပါဖို့။ အကုန်မဟုတ်ရင်ကေတောင် လူသုံးများရေ စာသားအုပ်စု (Most used core messages) ကို ဘာသာပြန်ဆိုပြီးစီးထားရပါဖို့။ Most used core messages လောက်တော့ ရခိုင်ဘာသာပြန်ပြီးယာပါ။ ရခိုင်ဘာသာနဲ့ပြန်ဆိုပြီးစီးထားမူကို အောက်ကလင့်ကကြည့်ပါ။
ရခိုင်ဘာသာစကားတစ်လုံးပြန်ဆိုလိုက်ကေ ယင်းတစ်လုံးစော် ဝီကီစာမျက်နှာမှာ ရခိုင်ဘာသာနန့် မြင်ရဖို့ အခွင့်အရီးတစ်ခုပါ။ ဘာသာပြန်ချင်ကေ အောက်ကလင့်ကို လားပနာ အကောက်ဖွင့်ရပါဖို့။ အကောက်ဖွင့်ရပါဖို့ ။
ပြီးကေ ရခိုင်ဘာသာကို ပြန်ဆိုလို့ရယာပါ။ အကောက်မဖွင့်တတ်စွာတိ အခက်အခဲဟိကေ၊ Chat Box ကို Hi ပနာမိန်းပါ။
ရခိုင်ဘာသာစကားပြန်ဆိုရေအခါမှာ ဒေသအလိုက် အခေါ်အဝေါကွဲပြားစာတိဟိဟိကပါဖို့။ ယင်းဇုနန့် စံတစ်ခုသတ်မှတ်ထားဖို့လိုပါရေ။
အင်္ဂလိပ်ဘာသာကနီ ရခိုင်ဘာသာကို ပြန်ဆိုကတ်ရေအခါမှာ ဆရာအောင်လှသိန်း ရွီးသားထားရေ၊"ဖလောင်း-ရခိုင် အဘိဓာန်" ကိုးကားကေ ပိုသင့်တော်ပါရေ။ ယင်းစာအုပ်ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမူအဖွဲ့(စစ်တွေ) ကနီ ဖြန့်ချီထားစာပါ။
ရွီးသားပြန်ဆိုရေအခါ တစ်ချို့စကားလုံးတိက ဒေသအခေါ်နဲ့ရောမှားပါလားခစာတိဟိကတ်ပါဖို့ ယေကေလည်း မစိုးရိမ်ပါကေ၊ ကိုယ်ကိုတိုင်ကြိုက်ရေချိန် ပြန်ပြန်လို့ရယေပိုင် နောက်လူတိကလည်း ဝင်ရောက်ပြင်ဆင်ပီးလို့ ရပါရေ။
၂။ active test project
active test project တစ်ခု ဖြစ်နီရပါဖို့။ ဆိုလိုစွာက စမ်းသတ် project မှာ ဝင်ပြီးကေ တည်းဖြတ်ပီးနီလူစာ အနည်းဆုံး သုံးလဆက်တိုက် အလုပ်လုပ်လို့ဟိရပါဖို့။ ဘော့မဟုတ်ရေ အသုံးပြုလူ အနည်းဆုံး သုံးဦးက တစ်လကို တည်းဖြတ်မှု အနည်းဆုံး ၁၀ ကြိမ် အထက်စီ ရှိနီရပါဖို့။
ယကေ ရခိုင်စမ်းသတ်ဝီကီမှာ 2010 ကနီ ဒေနိထိ တည်းဖြတ်လူ ၃၁ ယောက်ဟိပါရေ။ ယေလည်း သုံးလဆက်တိုက်တည်းဖြတ်လူ နှစ်ယောက်တောင် မပြည့်နိုင်ပါသိမ်း။
လက်ဟိ တည်ဆောက်ရေ စာမျက်နှာက ၆၀၈ခု ဖြစ်နီပါယာ။ ယေကေလေ့သော့ ဝီကီကနီတောင်းဆိုထားရေ ပါဝင်သင့်ရေ အမျိုးအစားစရင်းကို ကြည့်ကတ်ပါမယ်။
Biography 216
Philosophy 18
Religion 37
Social sciences 135
Language and literature 46
Arts and recreation 60
Measurements 19
Science 293
* Astronomy 26
* Biology 83
* Health and medicine 41
* Chemistry 32
* Earth science 23
* Physics 41
* Mathematics 45
Food and agriculture 35
Technology 98
History 83
Geography 148
ဒေကဏ္ဍတိ ပါဝင်ရဖို့ဖြစ်ပြီးကေ စာမျက်နှာ(၁၀၀၀)အထက်ဟိနီရပါဖို့။
ရခိုင်ဘာသာနန့် ဇာသူမဆိုဝင်ရွီးလို့ ရရေပိုင် ဝင်ပြင်လို့ရပါရေ။ ယေကေလည်းသော့ ဝီကီသဘောတရားကို နားလည်ထားဖို့တော့လိုပါရေ၊ ညခါက တင်ခရေ (ဝီကီးပီးဒီးယားအကြောင်း)ကိုဖတ်ပါ။ ပြီးကေ ရခိုင်ဘာသာဝီကီမှာ ဇာပိုင် စာမျက်နှာတိ အဓိကလိုနီလည်းဆိုစာ ကြည့်ဖို့လိုပါရေ။
စာအုပ်တိ၊ ဝက်ဘ်ဆိုက်တိ၊ Blog တိ ကြိုက်စာတိက ကိုးကားနာရွီးလို့ရပါရေ၊ တည်းဖြတ်လို့ရပါရေ။ မှားနီက အကိုးအကားထည့်နာပြန်ပနာဖြည့်စွက်တည်းဖြတ်ပါ။
တည်းဖြတ်ဖို့ဆိုကေ အောက်လင့်မှာ အကောက်ဖွင့်ပါ။ မဖွင့်တတ်ကေ Chat Box ကမိန်းပါ။
ပြီး ရခိုင်ဘာသာစာမျက်နှာကို အောက်က လင့်ကဝင်ပနာ တည်းဖြတ်နိုင်ပါယာ။
တည်းဖြတ်ရေအခါမှာ
ရခိုင်ဘာသာစကားနန့်ရွီးသားကတ်ရဖို့ ဖြစ်ရေ အတွက်နန့် ဒေသန္တရ အသုံးတိကို ဦးစားမပီးပါကေ့။
ရခိုင်ဝေါဟာရတိကို သုတေသီနတ်မြစ်-အသျှင်ဝါသဝ ရွီးသားထားရေ၊ "ရခိုင်ဝေါဟာရအဘိဓာန်ကျမ်း" ကိုအဓိက ကိုးကားစီချင်ပါရေ။ ယင်းစာအုပ်ကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ထုတ်ဝီးထားလို့ဟိပါရေ။ ရခိုင်ပြည်မြို့နယ်ပေါင်းစုံကနီပေါင်းစုပနာ လက်ဟိ ရခိုင်ဝေါဟာအဘိဓာန် ပြုစုပြီးယာလို့ ကြားသိရပါရေ။ ယင်းစာအုပ်ရေ ရခိုင်ပြည်သူတိကြားထဲကို ရောက်လာရေခါ ယင်းစာကို အဓိက ကိုးကားစီချင်ပါရေ။
"ရခိုင်ဝေါဟာရအဘိဓာန်ကျမ်း" လက်ထဲမှာ ခုမဟိဆိုကေ ဦးစက္ကိန္ဒ-ရခိုင်မြေ ဧ့ "ရခိုင် ဘာသာစကား လမ်းညွှန်" စာအုပ်ကို ကိုးကားနိုင်ပါရေ။ ယင်းစာအုပ်ပါ ဝေါဟာရအများစုတိစာ သုတေသီနတ်မြစ်-အသျှင်ဝါသဝ ရွီးသားထားရေ၊ "ရခိုင်ဝေါဟာရအဘိဓာန်ကျမ်း" ကိုကိုးကားထားစွာဖြစ်ရေ အတွက်နန့်ပါ။"ရခိုင် ဘာသာစကား လမ်းညွှန်" စာအုပ်ထဲက ဝေါဟာရတိကို အောက်ကလင့်က ကိုးကားပါ။
ရွီးသားတည်းဖြတ်ရေအခါမှ အကိုးအကားစာ အဓိကကျပါရေ။ အကြောင်းအရာတစ်ခုကိုတည်းဖြတ်ကေ အကိုးအကားထည့်သွင်းခပါ။ ရွီးသားနည်းကိုတော့ နောက်ထပ် Post မှာတင်ပီးပါဖို့။ ခေါင်းစဉ်ကြေးယာ လာရီးထားခရေ ပုံစံတိကို တစ်ခေါက်ယှောင်ပီးစီချင်ပါရေ။ အချက်အလက်ဖြည့်သွင်းမူမပါဘဲနန့် ခေါင်းစာကြေးထားခကေ ယင်းစာမျက်နှာစာအခွံယာဖြစ်ပါရေ။ ယင်းချင့်စွာ ရခိုင်ဘာသာစကားနန့် ဝီကီအတည်ပြုဖို့ ကူညီရာမရောက်ပါ။
အချက်လက်ကတော့ ဟိရေ ဝင်မရွီးတတ်သိမ်းဆိုကေ အချက်အလက်တိကို arakanwikipedia@gmail.com ကို Email ပို့ပီးထားပါ။
ရခိုင် အနုပညာရှင်ထဲကဖြစ်ဖြစ် စာရွီးဆရာထဲကဖြစ်ဖြစ် သရုပ်ဆောင်ဖြစ်ဖြစ် ဂေါင်းစဉ်တိလျာထားစာတိထည့်ပီးထားပါရေ။ ယင်းချင်မှာ အချက်အလက်တိဝင်ဖြည့်ပီးလို့ ရပါရေ၊ မဖြည့်တတ်သိမ်းကေ Email ပို့ပီးပါ။ အကိုးအကားတော့ပါဝင်ဖို့ လိုပါဖို့။
၃။ random
အရေးကြီးရေ တတိယအချက်ကတော့ခါ ပရောဂျက်ထဲက ဆောင်းပါးစာမျက်နှာတိကို random ၁၀ ကြိမ်လောက် ခေါ်ကြည့်ရေခါ stub လို့ခေါ်ရေ ဆောင်းပါးတို(စာတစ်ကြောင်း နှစ်ကြောင်းရာ စာမျက်နှာတိ၊ တမ်းပလိတ်တိ ခေါင်းစဉ်ခွဲတိကလွဲပနာ အခြားစာသားမရှိရေစာမျက်နှာတိ) စွာ ၂ ကြိမ် ၃ ကြိမ်ထက် ပိုမကျရပါ။ ဆိုလိုစွာက ဆောင်းပါး စာမျက်နှာတိစွာ ဖတ်ရှုလို့ရရေ လုံလောက်ရေ စာပိုဒ်တိဖြစ်ရပါဖို့။ အကြံချင်စွာကတော့ခါ ဆောင်းပါးရှည်တိ များများရွီးသားပီးကတ်ပါ။ ယှေ့ကဆွေးနွေးခပိုင် ဂေါင်းစိုင်ကြေးယာဆိုကေ ပိုကြာလားပါဖို့။ Portal namespace ကို ကောင်းအားမပြုပါကေ့။ Project Approve ဖြစ်ကေတောင် Portal namespace က default အနိန်နန့် တခါတည်းပါလာဖို့စွာ မဟုတ်ပါ။ Phabricator မှာ ထပ်ပြီးကေ request တင်ရပါဖို့သိမ်း။ ယင့်ဇုနန့် ဆောင်းပါးတစ်ခု ရွီးတိုင်းကို Categoryလို့ခေါ်ရေ ကဏ္ဍက ဇာချင့်လဲဆိုစာကို တပ်ပီးခစွာကောင်းပါဖို့။ ဥပမာ - မင်းဗာကြီး အကြောင်းရွီးသားရေ ဆိုပါဖိ။ မင်းဗာကြီးစွာရေ ရခိုင်ဘုရင် မင်းဆက်ဖြစ်ရေ အတွက်ကြောင့်နန့် [[Category:ရခိုင်ဘုရင်တိ စာရင်း]] ဆိုပြီးကေ ထည့်ရပါဖို့ ယေမှ ရခိုင်ဘုရင်တိ စာရင်း ကိုရှာရေ အခါ မင်းဗာကြီး ပါဝင်လာနိုင်ဖို့ဆိုရေ သဘောပါ။ လက်ဟိ အစမ်းသတ်မှတ်ရေ Category တိကို အောက်ကလင့်ခ်က ကြည့်ပါ။
Main Page အောက်မှာလည်းထည့်ပီးထားပါရေ။
------------------------------------------------------------------
၁။ ဝီကီပီးဒီးယားကို မိမိဘာသာစကားနန့် ရွီးသားရေအခါ နည်းပညာလိုအပ်ချက်တိ၊ လိုက်နာရဖို့ ကွန်ပျူတာစနစ် သတ်မှတ်ချက်ရို့က ဇာချင့်တိပါလဲ။
ဝီကီပီးဒီးယားမှာ ပါဝင်ရွီးသားဖို့ဆိုကေ OFL(Open Font License) လိုင်စင်ဖောင့် ယူနီကုဒ် ၅.၂ စံနှုန်းကို လိုက်နာရေ ဇာပိုင်ဖောင့်အမျိုးအစား / ကီးဘုတ်နန့် မဆို ဖတ်ရှုခြင်း၊ တည်းဖြတ်ခြင်းတိကို ပြုလုပ်နိုင်ပါရေ။ အသုံးပြုဖို့ စက်ထဲမှာ ယူနီကုဒ် ၅.၂ စံနှုန်းလိုက်နာရေ ကီးဘုတ်နန့် ဖောင့်ရှိနေဖို့ဆိုကေ အဆင်ပြေပြေ ရွီးသားဖတ်ရှုနိုင်ပါရေ။
ဝီကီပီးဒီယားက ယူနီကုဒ် ၅.၂ ကိုလိုက်နာရေ ဗမာဘာသာစကားအပါအဝင် တိုင်းရင်းသားဘာသာစကားတိကို အထောက်အပံ့ပီးထားရေ ဖောင့်တိထဲကမှ Open Font License သတ်မှတ်ထားရေ ဖောင့်တိဖြစ်ကတ်တေ ပြည်ထောင်စုဖောင့်၊ ပိတောက်ဖောင့်၊ သာလွန်ဖောင့်၊ နိုတိုစံဖောင့် တိကို သုံးနိုင်ပါရေ။ ကွန်ပျူတာမှာအသင့်ပါရေ(Myanmar Text) ဖောင့်ကတော့ခါ Copyrighted to Microsoft ဖြစ်ရေအတွက်နန့် အဆင်မပြေပါ။
နိုတိုစံဖောင့် မဟိကေ အောက်ကလင့်မှာ ဒေါင်းလုတ်ဆွဲပနာထည့်ထားပါ။ Main Page အပေါ်ကနီရာမှာလည်း ဒေါင်းလုတ်လင့်ခ်ပီးထားပါရေ။
ကွန်ပျူတာမှာ ကီးဘုတ်အနိန်နန့်ကတော့ခါ ယူနီကုဒ် ကီးဘုတ်တစ်ခုခုကို သုံးလို့ရပါရေ။ ရခိုင်ကီးဘုတ်ကို ကွန်ပျူတာမှာ သုံးချင်ကေတော့ခါ Preferred languages ထဲလားလိုက်ပါ။ Add a Language ကိုနိပ်လိုက်ပါ။ Rakhine ဆိုပနာ ရိုက်ထည့်လိုက်ပါ။ ပြီးကေ ရခိုင်ဘာသာကို ရွေးပနာ Install လုပ်လိုက်ကေ သုံးလို့ရပါယာ။
ဖုန်းသမားတိ အတွက်ကတော့ခါ Play Store ကိုလားလိုက် Gboard လို့ရိုက်ထည့်နာရှာလိုက်ပါ။ Gboard ကို Install လုပ်လိုက်။ ယပြီးကေ ဖုန်း Settings ထဲက Keyboard & inpout method ထဲမှာ Gboard ကိုထည့်ပီးလိုက်။ စာရေးရေခါမှာ ရခိုင်ဘာသာကို ရွီးချယ်ပီးလိုက်ကေ ရပါယာ။ ယင်းချင့်ကတော့ခါ ကိုယ့်ရခိုင်ကီးဘုတ်နန့် ဖုန်းတိ ကွန်ပျူတာတိမှာ သုံးချင်ကေ ပြောစာပါ။ ယူနီကုဒ် ၅.၂ စံနှုန်း လိုက်နာကေ ဇာကီးဘုတ်မဆို အဆင်ပြေပိုင်သုံးပါ။
၂။ ဆောင်းပါးကောင်းတစ်ခုဖြစ်ဖို့ ဇာချင့်တိပြင်ဆင်ရဖိုလဲ။
ဆောင်းပါးကောင်းတစ်ပုဒ်စွာ-
၁။ ကောင်းမွန်စွာရွီးသားထားခြင်း။
ရှင်းလင်းတိကျရေ အများနားလည်လွယ်ရေ စကားပြေတိနန့် ရွီးသားထားရပါဖို့။ စာလုံးပေါင်းနန့် သဒ္ဒါတိ မှန်ကန်ရဖို့ဂရုစိုက်ရပါဖို့။
နိဒါန်းစာပိုဒ်၊ ဆောင်းပါးအပြင်အဆင်၊ သတိထားသုံးရဖို့ စကားလုံးတိ၊ စိတ်ကူးယဉ်ဇာတ်လမ်းတိ၊ စာရင်းဇယားတိနန့် ပတ်သက်ပနာ ရွီးသားနည်း လမ်းညွှန်ချက်တိ အတိုင်း လိုက်နာရွီးသား ရပါဖို့။
၂။ ကိုယ်တိုင်ထုတ်ဖော်ထားရေ အချက်အလက်တိ မပါဝင်ဘဲ စိစစ်အတည်ပြုခံနိုင်ရပါဖို့။
သတ်မှတ်နည်းစနစ်နန့်အညီ ပြုစုထားရေ ရည်ညွှန်းကိုးကားစာရင်း ပါဟိရပါဖို့။
တိုက်ရိုက်ကိုးကားရေ စာကိုးစာရင်း၊ စာရင်းအင်းအချက်အလက်တိ၊ ဖြန့်ဖြူးထားပြီးဖြစ်တေ ထင်မြင်ယူဆချက်တိ၊ အလိုအလျောက်မသိနိုင်ရေ အချက်အလက်တိ၊ စောဒကတက်စရာ အငြင်းပွားဖွယ်အချက်အလက်တိ၊ သက်ဟိထင်ယှားပုဂ္ဂိုလ်ဧ့ ပြောင်းလဲနီရေ အချက်တိ အပါအဝင် ပိုဒ်တွင်း ကိုးကားချက်အားလုံးစွာ ယုံကြည်ရရေ ရင်းမြစ်တိက ကိုးကားချက်တိ ဖြစ်ဖို့လိုပါရေ။ သိပ္ပံဆိုင်ရာ ဆောင်းပါးတိစွာ ယင်းချင့်တိနန့်သက်ဆိုင်ရေ ကိုးကားလမ်းညွှန်ချက်တိကို လိုက်နာရပါဖို့။ ကိုယ်တိုင်ထုတ်ဖော်ထားရေ အချက်အလက်တိ မပါစီရ။ မူပိုင်ခွင့်ချိုးဖောက်ခြင်း၊ စာကူးချခြင်း (plagiarism) မျိုး အထူးဂရုစိုက်ဖို့လိုပါရေ။
၃။ အထိုက်အလျောက် ကျယ်ပြန့်ရပါဖို့။
ခေါင်းစဉ်နန့် ဆက်စပ်ရေ အဓိကအကြောင်းအရာကို ခြုံငုံမိဖို့လိုပါရေ။
ခေါင်းစဉ်နန့် ဆက်စပ်ရာကိုရာ အာရုံထားရဖို့ဖြစ်ပြီးကေ မလိုအပ်ရေ အသေးစိတ်အချက်အလက်တိသို့ သွေဖည်လားခြင်းမဟိရပါ။
၄။ ရွီးရေခါ ဘက်မလိုက်ရပါ။
တစ်ဖက်ဖက်သို့ ယိမ်းလားခြင်းမျိုးမဟိပဲ ရှုထောင့်ပေါင်းစုံက မျှတစွာ ရွီးသားထားရပါဖို့။
၅။ တည်ငြိမ်ရပါဖို့။
သဘောထားမတိုက်ဆိုင်မှုတိကြောင့် ဖြစ်ပေါ်လာရေ တည်းဖြတ်မှုတိုက်ပွဲတိကြောင့် ရက်ပြတ် ထူးထူးခြားခြား ပြောင်းလဲနီရခြင်းမျိုး မဟိစီရပါ။
၆။ ရုပ်ပုံတိ၊ ဗီဒီယိုတိ၊ အသံဖိုင်တိ အစဟိရေ မီဒီယာတိနန့် ဝေဝေဆာဆာဖော်ပြထားရလို့ရပါရေ။
ရုပ်ပုံတိ၊ ဗီဒီယိုတိ၊ အသံဖိုင်တိလို့ခေါ်ရေ မီဒီယာတိကိုဖော်ပြရေခါ သက်ဆိုင်ရာ မူပိုင်ခွင့်တိကို ဖော်ပြထားရပါဖို့။ အခမဲ့မဟုတ်ရေ အကြောင်းအရာ ဖြစ်ပါက မျှတစွာ သုံးစွဲခွင့်ကို ခိုင်လုံစွာ ဖော်ပြထားရပါဖို့။ ခေါင်းစဉ်နန့် ဆီလျော်ရေ မီဒီယာတိကို အသုံးပြုပြီးကေ၊ သင့်လျော်ရေ ပုံတိ၊စာတိ ပါရှိရဖို့ဖြစ်တေ။
💬 မှတ်ချက်တိ (0)