YaThaWinTha

BA(Philosophy), MA(Linguistics)

Incubator ဆိုစာဇာလဲ

🕒 2026-10-14 17:12 👁️ 1 ကြည့် 📖 6 မိနစ်
Incubator ဆိုစာကတော့ခါ ဘာသာစကားတစ်ခုကို ကိုယ်ပိုင် ဒိုမိန်းနန့် လွှင့်တင်နိုင်ဖို့ စမ်းသတ်Project နန့် ယင်းစမ်းသတ်Project မှာ ပူးပေါင်းပါဝင် အထောင့်အပံ့ပီး လူတိကိုပြောစွာပါ။
အရင်ဆုံးစမ်းသတ် ပရိုဂျက်မှာ ကိုယ့်ဘာသာစကား ပါဝင်ထားရာလား အရင်စစ်ဆေးရပါရေ။ လက်ရှိစမ်းသတ်နီ Project တိအောက်က ကြည့်နိုင်ပါရေ။
ပါဝင်နီရာဆိုကေ ကိုယ့်ဘာသာစကားနန့် ရီးသားဖို့လူဟိနီယာဖြစ်ကြောင်းကို ဘာသာစကားဖွင့်ပီးဖို့ အောက်က လင့်ပါအတိုင်းတောင်းဆိုချက်တစ်ခုပြုလုပ်ရပါရေ။
တောင်းဆိုရေခါ အချက်အလက်တိမှန်လို့ အတည်ပြုလိုက်ကေ တစ်ဆင့်အောင်ပါရာ။ တောင်းဆိုမူအောင်မအောင်ကို ဒေလင့်ကကြည့်ပါ။ ယင်းစရင်းထဲပါလာကေ အောင်ပါရေ။
တောင်းဆိုခရေအချက် အလက်တိကို ပြန်ကြည့်ချင်ကေ ကိုယ်တောင်းဆိုခလင့်ကို နိပ်နာကြည့်လို့ရရေ။ ရခိုင်ဘာသာအတွက် အောက်က လင့်က ကြည့်ပါ။
ယင်းနီရာထဲမှာ submitted, verification, final decision ဆိုပြီးကေ သုံးခုတွေ့လိမ့်မယ်။ submitted ကလျောက်ထားအဆင့်၊ verification အတည်ပြုထားအဆင့်၊ ဒေအဆင့်မှာ ကိုယ့်ဘာသာစကားနန့် အကောက်ဖွင့်ထားပြီး ပူးပေါင်းပါဝင်လူ အနည်းဆုံး သုံးယောက်ဟိရဖို့၊ သုံးလအထက် အသုံးပြုနီလိုဖြစ်ရဖို့။ သူရို့တောင်းဆိုထားရေ Post အရီတွက်နန့် အသုံးပြုလူတည်ငြိမ်ကြောင်း သိရကေ final decision အဆင့်ကိုရောက်ပါဖို့။
ဒေဘာသာစကားကို ထုတ်လွှင့်သင့်ပါကြောင်းကိုလည်း Discussion နီရာမှာ Vote ပီးလို့ရပါရေ။ ယကေလည်း ယင်း Vote တော့ ထည့်တွက်ဖို့မဟုတ်ပါ။
အထက်က အဆင့်တိက ဗဟုသုတအဖြစ်ပြောပြစွာပါ။ ယင်းအဆင့်တိက ကျော်ဖြတ်ခယာပါ။ final decision အဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အတွက် ဂုချိန်လိုအပ်နီစာပါ။
ရခိုင်ဘာသာစကားတွက် ပူပေါင်းပါဝင်ဖို့ဆိုကေ အရင်ဆုံးအကောက်တစ်ခု ဖွင့်ရပါဖို့။ အောက်က လင့်ဖွင့်ပါ။ အကောက်ဖွင့်စာလည်း လွယ်ပါရေ။ နာမည်နန့် စကားဝှက်ဖြည့်ရုံပါ။
အကောက်ဖွင့်လို့ ရလာကေ User Profile နီရာမှာ {{#babel:rki-N}} ထည့်ပီးထားပါ။
ယကေ ဒေလင့်ကနီနာ ရခိုင်ပင်မ စာမျက်နှာကို လားပါပနာ စတင် တည်းဖြတ်နိုင်ပါယာ။ တည်းဖြတ်ယေ အခါမှာ ရှေ့ Post တိမှ ပြောခရေ အချက်အလက်တိသတိရပါ။
ဝီကီပီးဒီယာစာ ကိုယ်ကိုတိုင်တည်းဖြတ်လူတစ်ယောက် လုပ်ခွင့်ဟိပိုင် Admin တစ်ယောက်လည်းလုပ်ခွင့်ဟိပါရေ။ ကိုယ်ရို့မှာက ရခိုင်ဘာသာစကားနန့် မလွှင့်တင်နိုင်သိမ်းအတွက်နန့် ရခိုင်ဘာသာ Admin တော့ လျှောက်ခွင့်မဟိပါသိမ်း၊ စမ်းသတ်Project Admin တော့ လျှောက်ခွင့်ဟိပါရေ။
စမ်းသတ်Project Admin ဖြစ်လာကေ ဒေချင့်တိ ကိုင်တွယ်လို့ရပါရေ။
1. Quickly rollback the edits of the last user who edited a particular page
2. delete a page
3. Undelete a page
4. View deleted history entries, without their associated text
5. Block a user from sending email
6. Block other users from editing
7. Not create redirects from source pages when moving pages
လိုအပ်အချက်အလက်တိတော့ အောက်က လင့်မှာ ဖတ်ကြည့်ဖိ။
အကောက်တိ အဆင့်အလိုက် လုပ်ဆောင်ခွင့်တိကို ပြန်ကြည့်ချင်ကေ အောက်ကလင့်က ကြည့်ပါ။ ဒေအဆင့်တိုင်းကို ကိုယ်ရို့လုပ်ဆောင်နိုင်စွမ်းအပေါ်မူတည်ပနာ လျှောက်ခွင့်ဟိရေ လုပ်ဆောင်နိုင်ခွင့်ဟိပါရေ။
နောက်မှ Admin လုပ်ဆောင်အကြောင်းကိုအသေးစိတ်ရီးပီးပါမယ်။

ရခိုင် Incubator အများကြီးပေါ်ထွန်းလာပါစီကြောင်း..။
💬 Comment 0

💬 မှတ်ချက်တိ (0)