ဝီကီပီးဒီးယား ဆိုစွာ သုံးစွဲလူတိ စုပေါင်း ရွီးသားကတ်ရေ အွန်လိုင်း စွယ်စုံကျမ်း တစ်ခုရာ ဖြစ်ပါရေ။ ဝီကီလို့ ခေါ်ရေ ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြုပနာ ပူးပေါင်းရွီးသားခြင်းကို အဆင်ပြေစီရန် စီမံထားခြင်းဖြစ်ပါရေ။ သုံးစွဲလူတိ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာတိကို ပြုလုပ်ပနာ ဝီကီပီးဒီးယားကို ပိုပနာကောင်းမွန်အောင် ဆောင်ရွက်နီကတ်ရခြင်းဖြစ်ပါရေ။
ဝီကီပီးဒီးယား ဆိုစာ အမေရိကန်ပြည်ထောင်စု အခြီစိုက် ပရဟိတ အဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်းမှ ဦးဆောင်လှုပ်ရှားနီရေ ဘာသာစုံနန့် အကြောင်းအရာမျိုးစုံပါဝင်ရေ အခမဲ့ အင်တာနက် စွယ်စုံကျမ်း ပရောဂျက်တစ်ခုဖြစ်ရေ။ ဂျင်မီဝေး နန့် လာရီဆန်ဂါ ရို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နိမှာ စတင်ခပြီးကေ ဘာသာစကားမျိုးစုံရို့က လူတိဧ့ ဗဟုသုတတိကို အကျဉ်းချုံး စုစည်းဖို့ ရည်ရွယ်ခခြင်းဖြစ်တေ။
ဝီကီပီးဒီးယားမှာ လက်ဟိ ဘာသာစကား (329)မျိုးနန့် ရွီးသားထားရေ ဆောင်းပါးပေါင်း ၆၀ သန်းကျော်ဟိနီပါရာ။ 2020 ခုနှစ် နိုဘင်ဘာလအထိ လစိုင်လာရောက်လည်ပတ်လူ 2 ဘီလီယံဝန်းကျင်နန့် တစ်လကေ တည်းဖြတ်မှုပေါင်း 17 သန်းကျော် (တစ်စက္ကန့်လျှင် တည်းဖြတ်မှု 1.9) ကိုထိဟိနီပါယာ။
လက်ဟိမှာတော့ မြန်မာနိုင်ငံထဲ အသုံးပြုရေ ဘာသာစကားတိဖြစ်ရေ၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်း ဘာသာတိနန့် လွင့်တင်ထားနိုင်ခပါယာ။
(ရခိုင်ဘာသာစကားနန့် လွှင့်တင်နိုင်ဖို့ ဇာချင့်တိလိုအပ်နီရေ ဆိုစာကို နောက်ဆောင်းပါးမှာ ဖော်ပြပီးပါဖို့)
အထက်က ပြောခအတိုင်း ဝီကီပီးယားစွာ လူတိုင်းအခမဲ့ ဝင်ရောက်ရွီးသားနိုင်ရေ စွယ်စုံကျမ်းဖြစ်ပါရေ၊ ယကေလည်း
အောက်က အချက်(၃)ချက်ကိုတော့ သိထားဖို့ လိုအပ်ပါရေ။
-----------------------------------------------------------------------
ဝီကီပီးဒီးယားရေ အောက်ပါ ခေါင်းစဉ်တိကို ရွီးသားရန် မဟုတ်ပါ
------------------------------------------------------------------------
၁။ ဝီကီပီးဒီးယားရေ အဘိဓာန် မဟုတ်ပါ
ဝီကီပီးဒီးယားရေ အဘိဓာန် မဟုတ်ပါ။ အဘိဓာန်မှာ ပါဝင်ကူညီဖို့ဆိုကေ ရခိုင်ဝစ်ရှင်နရီ တွင် ပါဝင် ကူညီနိုင်ပါရေ။
၂။ ဝီကီပီးဒီးယားရေ ကိုယ်ပိုင် အတွေးတိကို ဖြန့်ဖြူးပီးရေ နီရာမဟုတ်ပါ။
မိမိဘာသာ ထုတ်ဖော်ထားရေ သီအိုရီတိ၊ ဥပဒေသတိ၊ ဖန်တီးတီထွင်ထားရေ စကားလုံးတိကို ထုတ်ဖော်တင်ဆက်ရန် နီရာမဟုတ်ပါ။ မိမိဘာသာ တီထွင်ထားရေ ကိရိယာတိ ပရော့ဂျက်တိကို တင်ဆင်ပြသရန် နီရာမဟုတ်ပါ။ မိမိတီထွင်ထားရေ အရာဧ့ အကြောင်းအား ထင်ယှားရေ သတင်းဌာနတစ်ခုမှ ပုံနှိပ် ဖော်ပြတင်ဆက်ခြင်း ပြုလုပ်ပြီးပါက ဖော်ပြနိုင်ပါရေ။ မိမိဘာသာ ရွီးသားထားရေ ရသစာတမ်းတိ (Essays) တိကို ရွီးသားရန် နီရာမဟုတ်ပါ။
ဖိုရမ် မဟုတ်ပါ။ ဆောင်းပါးနန့် ပတ်သက်ပနာ ဆွေးနွေးချင်ရေတိကို သက်ဆိုင်ရာ စာမျက်နှာဧ့ ဆွေးနွေးချက်တိတွင် ဆွေးနွေးနိုင်ပါရေ။ ယေကေလည်း ဆွေးနွေးချက်တိကို ဆောင်းပါးတွင်း ထည့်သွင်းရွီးသားခြင်းကို ရှောင်ကြဉ်ပါရန်။
၃။ ဝီကီပီးဒီးယားရေ ပြဇာတ်မဟုတ်။ အရောင်းမြှင့်တင်ရီး နီရာမဟုတ်ပါ။ ဝီကီပီးဒီးယားရေ ဝါဒဖြန့်ရန်၊ ကြော်ငြာရန်၊ ကြွားဝါရန် နီရာမဟုတ်ပါ။ စီးပွားရီး၊ နိုင်ငံရီး၊ ဘာသာရီး၊ အားကစားနန့် အခြားရေ အရာတိ အတွက် ဝါဒဖြန့်ချီရန်၊ လူယှာရန် နီရာမဟုတ်ပါ။ ဆောင်းပါး တစ်ခုတွင် .ယပိုင် အရာတိကို ရွီးသားနိုင်ကေလည်း ဘက်မလိုက်ရေ ကြားလူအနီနန့် ရွီးသားသင့်ပါရေ။
တချို့ဂေါင်းစိုင်တိ အထူးသဖြင့် လက်ဟိ ဖြစ်ပျက်နီရေ အကြောင်းအရာတိနန့် နိုင်ငံရေး ယင်းချင့်တိစွာ လူတိဧ့ စိတ်လှုပ်ယှားမှုကို ဖြစ်စီပိုင် သင်အနှစ်သက်ဆုံးရေ ဘက်ကို သိသိသာသာ ဘက်လိုက်ပနာ ရွီးသားခြင်း ဖြစ်စီနိုင်ပါရေ။
ဝီကီပီးဒီးယားရေ သင်ဧ့ အမြင်ကို ဘက်လိုက် ဖော်ပြန်ရန် နီရာမဟုတ်ပါ။ ဆောင်းပါးတိတွင် နှစ်ဘက်စလုံး အမြင်ကို တင်ပြသင့်ပါရေ။ ယပြီးကေ အချိန်ကြာလာကေလည်း အခြားလူတိအတွက် အကျိုးဟိဖို့ ဂေါင်းစိုင်မျိုးကို ရွီးသားရန် လိုအပ်ပါရေ။ သတင်းသက်သက် ကို မရွီးသားရန် မေတ္တာရပ်ခံပါရေ။
သက်ဟိထင်ရှား ဟိနီရေ သူတိဧ့ အကြောင်းကိုရွီးရေခါ ဆောင်းပါးဧ့ အရည်အသွီး အလွန်မြင့်မားရန်နန့် တခြားလူပုဂ္ဂိုလ်ရို့ဧ့ လုံခြုံရီးကို လီးစားရန် လိုအပ်ပါရေ။ သက်ဟိထင်ရှားလူရို့ဧ့ အတင်းအဖျင်းတိကို ဖြန့်ဖြူးရန်နန့် အခြားလူတိဧ့ ဂုဏ်သရေကို ညှိုးနွမ်းစီရန် တမင်သက်သက် တိုက်ခိုက်ခြင်းမျိုး မဖြစ်စီရန် လိုအပ်ပါရေ။
မိမိဧ့ ကိုယ်ရွီးအတ္ထုပ္ပတ္တိကို ရွီးသားရန် နီရာမဟုတ်ပါ။ ဝီကီပီးဒီးယားတွင် ပါဟိရေ လူပုဂ္ဂိုလ်တိဧ့ အတ္ထုပ္ပတ္တိတိရေ ဝီကီပီးဒီးယားတွင် ပါယှိရန် ထင်ယှားရေ အရေးပါမှု ၊ အစဟိရေ လမ်းညွှန်ချက်တိနန့် ကိုက်ညီရပါဖို့။ အတိုချုံးပြောရဖို့ဆိုကေ သတင်းစာ၊ ဂျာနယ်တိမှာ ကျယ်ကျယ်ပြန့်ပြန့် မဖော်ပြခံရလူ အနီနန့် ဝီကီပီးဒီးယားတွင် အတ္ထုပ္ပတ္တိ ပါဝင်ဖို့ လိုအပ်ချက်နန့် မကိုက်ညီပါ။
မိမိဧ့ ကိုယ်ပိုင် ကုမ္ပဏီ လုပ်ငန်း အစဟိစွာတိကို ကြော်ငြာရေ အနီနန့် မရေးသားရန် လိုအပ်ပါရေ။
💬 မှတ်ချက်တိ (0)